ဘီပီကုမ္ပဏီရဲ့ ရေနံတားဆီးမှု မသေချာသေး

BP new test
Image caption ရေနံတွေ ထပ်ပြီး ယိုထွက်တဲ့ပုံ မရှိတော့ပါဘူး

မက္ကဆီကိုပင်လယ်ကွေ့မှာ ရေနံယိုထွက် နေတဲ့ ပိုက်ဝကို အဖုံးသစ်တခုနဲ့ နောက်ဆုံး စမ်းသပ် ဖုံးအုပ်တာဟာ မသေချာသေးဘူး လို့ ရေနံယိုဖိတ်မှု တားဆီးရေး လုပ်ငန်းတွေ ကို စောင့်ကြည့်နေတဲ့ အမေရိကန်တာဝန်ခံ အရာရှိ ကပြောကြားလိုက်ပါတယ်။

ရေနံတွေကတော့ လောလောဆယ် ထပ်ပြီး ယိုဖိတ်တဲ့ပုံ မပေါ်တော့ပါဘူး။ ဒါ​​​​​ပေမယ့်လည်း ရေနံယိုထွက်မှု ထပ်ပြီး ရှိလာနိုင်မလားဆိုတာကို နောက်ထပ်နာရီအတော်ကြာ စမ်းသပ်မှုတွေ လုပ်ဖို့ရှိတယ်လို့ မစ္စတာ Allen က ပြောပါ တယ်။

ဘီပီကုမ္ပဏီအနေနဲ့ ပေါက်ကွဲနေတဲ့ ရေနံပိုက်လိုင်းကနေ မယိုဖိတ်တော့အောင် သုံးလ အတွင်း ပထမဆုံးအနေနဲ့ တာဆီးနိုင်တဲ့အတွက် သမ္မတအိုဘာမားက စောစောပိုင်းက ကြိုဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း မစ္စတာအိုဘားမားက ပတ်ဝန်းကျင်သန့်ရှင်းအောင် အတွက် နောက်ထပ် လုပ်စရာတွေ အကြီးအကျယ် ရှိသေးတယ်လို့ သတိပေးသွားပါတယ်။

ရေနံတူးစင် ပေါက်ကွဲခဲ့တုန်းက လူပေါင်း (၁၁) ဦးသေဆုံးသွားခဲ့ရပြီး၊ ရေနံအမြောက်အများ နေ့စဉ် ပင်လယ်ထဲကို ယိုစီးခဲ့တာကြောင့် မက္ကဆီကို ပင်လယ်ကွေ့ဒေသမှာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်မှုရှိခဲ့ပါတယ်။

အဲဒီအတွက် ဘီပီကုမ္ပဏီက လျော်ကြေးငွေ ဒေါ်လာ သန်း (၂၀၀) ပေးခဲ့ပြီးဖြစ်ပါတယ်။

အဖုံးသစ်နဲ့စမ်းသပ်ပြီးတွေ့ရပုံ