အီရတ်နိုင်ငံ ဗုံးခွဲတိုက်ခိုက်မှု လူ (၅၀) နီးပါး သေဆုံး

Injuried man from bomb attack
Image caption ဘဂ္ဂဒက်မှာ ပြည့်သူ့စစ်တွေ လခထုတ်ဖို့ စောင့်ဆိုင်းနေစဉ် ဗုံးခွဲခဲ့လို့ လူ ၄၃ ဦးသေဆုံး

အီရတ်နိုင်ငံမှာ အစိုးရကို ထောက်ခံတဲ့ ဆူနီပြည်သူ့စစ်တွေကို ပစ်မှတ်ထားကာ အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့တဲ့ အတွက် လူ (၅၀) နီးပါး သေဆုံးသွား ပါတယ်။

ဘဂ္ဂဒက်မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာတော့ ဆာဝါ အမည်ရတဲ့ ဒီပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ စစ်တပ်မှာ လခထုတ်ဖို့ တန်းစီ စောင့်ဆိုင်း နေကြစဉ် အသေခံဗုံးခွဲသမား တဦးက လူတန်း နား ရောက်လာပြီး သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာကြောင့် လူ (၄၃) ဦး ထက်မနည်း သေဆုံး သွားတာ ဖြစ်ပါတယ်။

နောက်ထပ်တိုက်ခိုက်မှု တခုကတော့ အန်ဘာပြည်နယ်က ဆီရီးယားနယ်စပ်အနီး မြို့တမြို့ မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာတော့ အသေခံသမားက ပြည်သူ့စစ်ရုံး တခုထဲ ဝင်ရောက်လာပြီး ဖောက်ခွဲလိုက်တဲ့အတွက် လူ (၃) ဦး သေဆုံးသွားပါတယ်။

အရင်တုန်းကတော့ အီရတ်ရဲ့သားကောင်းများလို့ ခေါ်တဲ့ အခု ဆာဝါ ပြည်သူ့စစ်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစလို့ အမေရိကန်တပ်ဖွဲ့တွေကို ကူညီပြီး အဲလ်ခါရီးဒါးတွေကို ဘက်ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် သူတို့ကို လခပေးထားပြီး၊ အကြမ်းဖက်မှုတွေလည်း တခုလုံးအတိုင်းအတာအရ ကျဆင်းလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြည်သူ့စစ် ခေါင်းဆောင်တွေဟာ ကြိမ်ဖန် များစွာ တိုက်ခိုက်ခံ နေကြရတာဖြစ်ပါတယ်။