မြောက်ကိုးယားကို ပိတ်ဆို့အရေးယူ

Hilary Clinton
Image caption ဟီလာရီ ကလင်တန်က စစ်မဲ့ဇုန်မှာ အခြေအနေတွေကို ကြည့်ရှု

အမေရိကန်နိုင်ငံက မြောက်ကိုးရီးယားကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်ချတော့မှာ ဖြစ်ပါတယ်။ တောင်ကိုးရီးယားစစ်သင်္ဘာနစ်မြုပ်ခဲ့မှုကို မြောက်ကိုးရီးယား လက်ချက်လို့ အမေရိကန်က စွပ်စွဲပြီးနောက် အခုလို ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်လုပ်မှာပါ။

မြောက်ကိုးရီးယားရဲ့ နျူကလီးယားနဲ့လက်နက်အစီအစဉ်တွေကို ရပ်တန့်နိုင်မယ့် အရေးယူဆောင်ရွက်မှုတွေကို တိုးလုပ်တာ ဖြစ်တယ်လို့ တောင်ကိုးရီးယားကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

ပိတ်ဆို့မှုအသစ်အကြောင်း အသေးစိတ်မပြောပေမယ့် မြောက်ကိုးရီးယားရဲ့ လက်နက်ဝယ်ယူရောင်းချမှု၊ ဇိမ်ခံပစ္စည်းတွေ တင်ပို့ရောင်းချမှုနဲ့ မြောက်ကိုးရီးယားရဲ့ တရားမဝင်လုပ်ငန်းတွေကို ပိတ်ပင်တာတွေ ထပ်တိုးလုပ်မယ်လို့ ပြောပါတယ်။

တကယ်လို့ မြောက်ကိုးရီးယားက တခြားနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ရင်၊ နောက်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ရန်လိုမှုမပြုခဲ့ရင် ပိတ်ဆို့မှုတွေဟာ ရုတ်သိမ်းကောင်းတောင် ရုပ်သိမ်းနိုင်ခဲ့မယ်လို့ မစ္စက် ကလင်တန်က ပြောပါတယ်။

မြောက်ကိုးရီးယားကတော့ သင်္ဘောနစ်မြုပ်မှုက သူတို့ကြောင့်မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

မစ္စက် ကလင်တန်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်နဲ့အတူ တောင်းကိုးရီးယားနယ်စပ်က စစ်မဲ့ဇုန်ကို သွားရောက်ခဲ့ပြီးနောက် အခုလို ပြောကြားတာလည်း ဖြစ်ပါတယ်။