အစ္စရေး-လက်ဘနွန် တိုက်ပွဲ ဆက်လက်တင်းမာနိုင်

unifil
Image caption ကုလသမဂ္ဂ တပ်ဖွဲ့ မှ လက်ဗနွန်နဲ့ အစ္စရေးတပ်တွေ ထိန်းသိမ်းမှုရှိဖို့ပြော

အစ္စရေးနဲ့ လက်ဗနွန် နယ်စပ် တပ်ဖွဲ့ဝင် တွေ တိုက်ခိုက်မှု ဟာ နှစ်အတန်ကြာ အတွင်းမှာ အဆိုးဝါးဆုံး ဖြစ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဟာ အရေးပေါ် အစည်းအဝေး ခေါ်ယူ လိုက်ပါတယ်။ ၂ ဖက်စလုံးကိုလဲ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ လုံခြုံရေး ကောင်စီ က စိုးရိမ်တကြီး တိုက်တွန်းလိုက်ပါတယ်။

အခု တိုက်ခိုက်မှု အတွင်း အစ္စရေးစစ်ဖက်ဆိုင်ရာ အရာရှိနဲ့ အနဲဆုံးလက်ဗနွန်စစ်သား ၂ ဦး၊ လက်ဗနွန်သတင်းထောက် တဦး သေဆုံး ပါတယ်။ လက်ဗနွန်စစ်သွေးကြွအဖွဲ့ ဟစ္စဘိုလာ ခေါင်းဆောင်ကလဲ နောက်ထပ် နယ်စပ်တိုက်ပွဲ ဖြစ်ခဲ့ရင် သူ့တပ် ပါ ဝင်တိုက်မဲ့ အကြောင်းပြောပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်တို့ နယ်စပ်တိုက်ပွဲဖြစ်တာဟာ ၂၀၀၆ ခုနှစ်ကတည်း ကဆိုရင် ဒါပထမဆုံးဖြစ်ပြီး တိုက်ပွဲက အချိန်တိုတောင်းပေမယ့် အသေအပျောက်တွေ ရှိခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီကနေ ဆက်ပြီး အခြေအနေဆိုးမလာအောင် ကုလသမဂ္ဂလုံခြံရေး ကောင်စီက နှစ်ဘက်စလုံး ရှေ့ဆက်မတိုးဖို့ တိုက်တွန်းနေပါတယ်။

နှစ်နိုင်ငံနယ်စပ်စည်းကမ်းတွေကို လေးစားလိုက်နာကြဖို့နဲ့ ဒီဒေသတွင်းမှာရှိတဲ့ ကုလ ငြိမ်းချမ်းရေး အဖွဲ့တွေကတော့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်။

အခြေအနေထပ်ဆိုးလာရင် လက်ဘနွန်က ဟစ္စဘိုလာ လက်နက်ကိုင်တွေကလည်း သူပါ ဝင်လာမယ်လို့ ပြောတဲ့အတွက် ဒါကြောင့် အစ္စရေးက တစ်ဘက် ၊ နောက် ဆီးရီးယားနဲ့ အီရန်တို့က ကျောထောက် နောက်ခံပေးထားတဲ့ ဟစ္စဘိုလာက တစ်ဘက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း ကုလ တပ်တွေနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အခြေအနေကို ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။