တရုတ်နိုင်ငံ မြေပြိုမှု လူ (၁) ရာကျော်သေဆုံး

China flood
Image caption တရုတ်နိုင်ငံမှာ ဒီနှစ်ထဲ ရေကြီးမှုကြောင့် လူပေါင်း တထောင်ကျော် သေဆုံးခဲ့ရပါပြီ

တရုတ်နိုင်ငံ အနောက်မြောက်ဖက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းရာကနေ မြေပြိုမှု တွေ ဖြစ်ပွားခဲ့တာကြောင့် လူတရာကျော် သေဆုံးသွားခဲ့ပြီး လူတထောင်ကျော် ပျောက်ဆုံး နေပါတယ်။

ဂန်းစုပြည်နယ်က တိဘက်ဒေသ အတော် များများနဲ့ အဆက် အသွယ်ပြတ်နေတယ်လို့ နိုင်ငံပိုင် သတင်း မီဒီယာက ပြောပါတယ်။ လူပေါင်း (၅) သောင်း နီးပါးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီလို့ ဆိုပါတယ်။

တချို့နေရာတွေမှာဆိုရင် ရွှံ့တွေဟာ (၁) မီတာကျော်လောက် မြင့်တာကြောင့် ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေအတွက် အဟန့်အတား ဖြစ်နေရတယ်လို့ ဒေသခံ အရာရှိတွေက ပြောပါ တယ်။

အဲဒီဒေသတွေမှာ အကူအညီပေးရေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကျန်းမားရေးအဖွဲ့တွေ ကို အာဏာပိုင်တွေက စေလွှတ်လိုက်ပြီး၊ ဝန်ကြီးချုပ် ဝမ်ဂျားဘောင် ကိုယ်တိုင်လည်း အဲဒီ ကို ထွက်ခွါသွားပြီဖြစ်ပါတယ်။

ဒီနှစ်ထဲ တရုတ်နိုင်ငံမှာ ရေကြီးလို့ လူပေါင်း တထောင်ကျော် သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အိမ်ခြေတသန်းကျော်ပျက်ဆီးခဲ့ပြီး လူပေါင်း ၁၂ သန်းကို ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရ ပါတယ်။