ပါကစ္စတန် ရေဘေးဒုက္ခသည် သန်း (၂၀) အထိရှိလာ

Pakistan PM
Image caption အတိုက်အခံနဲ့ပူပေါင်းပြီး ကယ်ဆယ်ရေး ရန်ပုံငွေ မြှင့်တင်ဖို့ လုပ်ဆောင်မယ်

ပါကစ္စတန်နိုင်ငံမှာ ရေကြီးမှုဒဏ်ကြောင့် အတိဒုက္ခရောက် နေကြရသူအတွက် ဗဟိုနဲ့ ပြည်နယ်အစိုးရတွေရဲ့ ကယ်ဆယ် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး၊ ပြန်ကြားရေးဝန်ကြီးက ကာကွယ် ပြောကြားသွားပါတယ်။

အတိဒုက္ခရောက် နေကြရသူအရေအတွက်ဟာ အရင်တွက်ဆထားတာထက် နောက်ထပ် (၆) သန်းတိုးလာကာ အခုဆိုရင် သန်း (၂၀) အထိ ရှိလာနေပြီး၊ ရေကြီးတဲ့ဒဏ် ခံနေရတဲ့ ဒေသတွေ အားလုံးကိုတော့ ချက်ခြင်း သွားရောက် အကူအညီ မပေးနိုင်ခဲ့ဘူးလို့လည်း သူကပြောပါတယ်။

ဒါပေမယ့်အစိုးရကတော့ တတ်နိုင်သမျှအကုန်လုံးကို ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါ တယ်။

ဝန်ကြီးချုပ်ဂီလာနီက အတိုက်အခံခေါင်းဆောင် နာဝက်ရှာရစ်နဲ့ပူပေါင်းပြီး ကယ်ဆယ်ရေး ရန်ပုံငွေ မြှင့်တင်ဆောင်ရွက်ဖို့ သဘောတူလိုက်ပြီလို့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။

လွတ်လပ်ရေးနေ့အခမ်းအနားကိုလည်း ရေဘေးဒုက္ခသည်တွေကို ငဲ့ကွက်တဲ့အနေနဲ့ နိုင်ငံတော် အခမ်းအနားပုံစံ မကျင်းပခဲ့ပါဘူး။

ပါကစ္စတန် ထိပ်တန်းအရာရှိတဦးကတော့ နိုင်ငံတကာအနေနဲ့ ဒုက္ခရောက်သူတွေအတွက် အကူညီပေးဖို့ နှေးကွေးနေတယ်လို့ ဝေဖန်သွားပါတယ်။

သန့်ရှင်းတဲ့ သောက်ရေပြတ်လပ်မှုကြောင့် ဒုက္ခရောက်နေသူတွေကြားမှာ နောက်ထပ် ကျန်းမားရေး ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက နောက်ထပ် သတိပေးချက်တခု ထုတ်ပြန်ထားပါတယ်။