War Crimes နဲ့ Crimes against Humanity ဆိုတာ ဘာတွေလဲ

War Crimes
Image caption စစ်ရာဇဝတ်မှု တွေ စစ်ဆေး တဲ့ The Hague မြို့ က ခုံရုံး

မြန်မာစစ်အစိုးရ ဟာ War Crimes စစ်ရာဇဝတ်မှု နဲ့ Crimes against Humanity လူအမြာက် အများ ကို ရာဇဝတ် မှု ကျူးလွန် မှု တွေ လုပ်ဆောင် ခဲ့ တာ ရှိ မရှိ ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေး ရေး ဝင်ပါလို့ တောင်းဆို ကြတော့ ဒီအမှု တွေ က ဘယ်လို အမှု မျိုး တွေ ပါလဲ ဆိုတာ သိရအောင် မြန်မာ နိုင်ငံ ရှေ့နေများ ကောင်စီ က အထွထွေ အတွင်းရေးမှူး ဦးအောင်ထူး ကို ဘီဘီစီ က မေးတဲ့ အခါ သူ က War Crimes စစ်ရာဇဝတ်မှု အကြောင်း အခုလို ရှင်းပြ ပါတယ်။

War Crimes စစ်ရာဇဝတ်မှု ဟာ နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံး ရောမ ဥပဒေ အရ စစ်ပွဲ အတွင်း လူတွေ ကို ဆန္ဒ အရ သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ စစ်ရေး အရ လိုအပ်ခြင်းမရှိပဲ ပိုင်ဆိုင်မှု ပစ္စည်း တွေကိုဖျက်ဆီးခြင်း၊ အရပ်သားတွေကို တိုက်ခိုက်ခြင်း၊ အကာအကွယ် မရှိတဲ့ စစ်ရေးစစ်ရာ အနေနဲ့ တိုက်ခိုက် သိမ်းပိုက် ရန် ရည်ရွယ် မထားတဲ့ မြို့တွေ ရွာတွေ နေအိမ် တွေ ကို မည်သည့် နည်းနဲ့ မဆို တိုက်ခိုက် ခြင်း စတာ တွေ ကို ကျူးလွန်တာတွေ ဖြစ်တဲ့ အကြောင်း ဦးအောင်ထူး က ပြောပါတယ်။

အသက် ၁၅ နှစ် အောက် မပြည့် သေးတဲ့ ကလေး သူငယ်တွေ ကို နိုင်ငံတော် ၏ လက်နက် ကိုင် စစ်တပ် အတွင်း အတင်းအကြပ် စစ်မှုထမ်း စေခြင်းတွေ က လည်း ဒီပြစ်မှု မြောက် တယ် လို့ သူ က ပြောပါတယ်။

Crimes against Humanity လူအမြာက်အများ ကို ရာဇဝတ်မှု ကျူးလွန်မှု ကတော့ လူသတ်မှု တွေ၊ လူမျိုးတုန်း အောင် သတ်ဖြတ်မှု တွေ၊ လူတွေ ကို အတင်းအကြပ် ရွှေ့ပြောင်းမှုတွေ၊ လူတွေ ကို ကျွန်ပြုမှု တွေ စတာတွေ ကို စနစ်တကျ နဲ့ အကျယ် အပြန့် ပြုမူ သူတွေ ကို တင်တဲ့ စွဲချက် တွေ လို့ ဦးအောင်ထူး က ရှင်းပြပါတယ်။