သြစတြေးလျမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့မယ်

Image caption ရွေးကောက်ပွဲမှာ ဘယ်ဖက်ကမှ အမတ်နေရာ အများစုနဲ့ အပြတ်အသတ် အနိုင်မရရှိခဲ့ပါ

သြစတြေးလျနိုင်ငံက အဓိကပြိုင်ဖက် ပါတီကြီး ၂ ခုက ခေါင်းဆောင်တွေဟာ အစိုးရဖွဲ့နိုင်ရေးအတွက် တသီးပုဂ္ဂလ ပါလီမန်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်နေပါတယ်။

မနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဘယ်ဖက်ကမှ ပါလီမန်အမတ်နေရာ အများစုနဲ့ အပြတ်အသတ် အနိုင်ရမယ့် အခြေအနေ မရှိတဲ့အတွက် အခုလို တသီးပုဂ္ဂလ အမတ်တွေကို စည်းရုံးနေကြတာ ဖြစ်ပါတယ်။

အခုလက်ရှိ မဲ ၇၈ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာတော့ လေဘာက ၇၂ နေရာနဲ့ ကွန်ဆာဗေးတစ်က နေရာ ၇၀ ပဲ ရရှိနေသေးတာကြောင့် ဘယ်ဖက်ကမှ အစိုးရဖွဲ့ဖို့ လိုအပ် တဲ့ ၇၆ နေရာကို ရရှိမှာမဟုတ်တော့ပါ။

တသီးပုဂ္ဂလအမတ်တွေကတော့ တိုင်းပြည် တည်တည်ငြိမ်ငြိမ်ရှိဖို့ လိုအပ်ကြောင်း ပြောပါ တယ်။

လေဘာပါတီ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်ကတော့ တည်ငြိမ်တဲ့အစိုးရတရပ်ကို ဖွဲ့စည်း ချင်တယ်လို့ ပြောပါတယ်။

လစ်ဘရယ်ပါတီခေါင်းဆောင် တိုနီ အဘော့တ်ကတော့ လေဘာပါတီဟာ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရှိတော့ဘူးလို့ ဆိုပါတယ်။

ဂျူးလီယာဂေးလာ့ဒ်ဟာ အရင် ဝန်ကြီးချုပ်ကို ရာထူးကဖယ်ပြီး အခုလို ရွေးကောက်ပွဲ အလျှင်အမြန်လုပ်ခဲ့တာဟာ သူ့အတွက် အမှားပဲလို့ သတင်းထောက်တွေက သုံးသပ်ပါတယ်။