အာဖဂန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူငါးဦး အသတ်ခံရ

Fauzia Galani
Image caption တာလီဘန်တွေက အမျိုးသမီးတွေ နိုင်ငံရေးမှာ မပါဖို့ တားဆီးနေကြတာပါ

အာဖဂနစ္စတန် ပါလီမန်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ် တဦးအတွက် ကူညီ ဆောင်ရွက် ပေးနေတဲ့ လူ ၅ ယောက်ရဲ့ အလောင်းတွေကို နိုင်ငံအနောက်ဖက် ဟရက် ပြည်နယ်မှာ တွေ့ရှိခဲ့ပါတယ်။

ဒီလူငါးဦးဟာ ဗုဒ္ဓဟူးနေ့က ပြန်ပေးဆွဲခံခဲ့ရတဲ့ လူ ၁၀ ယောက် အထဲကဖြစ်ပြီး၊ ငါးဦးစလုံး ပစ်သတ်ခံထားရတာပါ။ ကျန်တဲ့ငါးဦးကတော့ စောစောပိုင်းက ပြန်လွတ်လာခဲ့ပါတယ်။

အလောင်းတွေကို တောင်ပေါ်တခုမှာ တွေ့ရှိခဲ့တာလို့ အာဖဂန်ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့လက်တွေကို ကြိုးတုပ်ထားပြီး ဦးခေါင်းတွေ သေနတ်နဲ့ ပစ်ထားတာလို့ သတင်းတွေ က ဆိုပါတယ်။

ဒီသတ်ဖြတ်မှုကို သူတို့လုပ်ခဲ့တာလို့ တာလီဘန်တွေက ပြောပါတယ်။

တာလီဘန်တွေဟာ ရွေးကောက်ပွဲကို ဆန့်ကျင်နေကြတာဖြစ်ပြီး၊ အထူးသဖြင့်တော့ အမျိုး သမီး ကိုယ်စားလှယ်တွေ ပါတာကို ကန့်ကွက်နေကြတာပါ။

စနေနေ့ကလည်း ကိုယ်စားလှယ် ဟာဂျီ အက်ဘ်ဒူ မနန်ဟာ ဆိုင်ကယ်အနောက်မှာ ထိုင်ပြီး ဗလီတခုကနေ အပြန် ပစ်သတ်ခံလိုက်ရပါတယ်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အတော်များများကို တာလီဘန်တွေက သတ်ပစ်နေကြ တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကို ရှေ့လမှာ ကျင်းပဖို့ စီစဉ်ထားဖြစ်ပြီး၊ လူတွေဟာ မဲပေးဖို့ကို အရမ်း ထိန့်လန့်နေကြတဲ့အတွက် အခုလို တာလီဘန်တွေရဲ့ ခြိမ်းချောက်မှုတွေဟာ အောင်မြင်တဲ့ ပုံပေါ်နေတယ်လို့ ဘီဘီစီသတင်းထောက်ကပြောပါတယ်။

စက်တာဘာမှာ ကျင်းပမယ့် ပါလီမန်ရွေးကောက်ပွဲမှာ အမတ်နေရာ ၂၄၉ နေရာအတွက် ကိုယ်စားလှယ် ၂၅၀၀ ကျော် ဝင်အရွေးခံမှာ ဖြစ်ပါတယ်။