Burma campaign ဂျပန်မှ ကုလကိုစာပို့

UN General Assembly
Image caption ကုလသမဂ္ဂ အထွေထွေညီလာခံ

ဘားမားကန်ပိန်း (ဂျပန်)က မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုကိစ္စတွေကို အမြန်အရေးယူနိုင်အောင် ကုလသမဂ္ဂကနေ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့ စည်းလုပ်ဆောင်ဖို့ ဗီဒီယိုမှတ်တမ်းတွေ ကုလသမဂ္ဂကို ပေးပို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံက မနက်ဖြန်မှာ စတင်ကျင်းပမှာ ဖြစ်သလို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးကလည်း ဒီနေ့စတင်ပြုလုပ်နေတာမို့ ဒီအစည်းအဝေးတွေနဲ့တိုက်ဆိုင်ပြီး လုပ်ဆောင်လိုက်တာလဲ ဖြစ်ပါတယ်။

“ ခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံးအချိန်ဖြစ် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာလူမျိုးတွေရဲ့ အသံကို ပိုပြီးထိထိမိမိ တင်ပြချင်တဲ့အတွက် ထိရောက်တဲ့ ဗီဒီယို message ကိုပါတွဲပြီး ကုလသမဂ္ဂကို မေတ္တာရပ်ခံတာဖြစ်တယ်၊ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ မြန်မာစစ်အစိုးရကို အရေးယူဆောင်ရွက်ပေးဖို့ အဓိက ရည်ရွယ်တာဖြစ်ပါတယ်” လို့ ဘားမားကန်ပိန်း(ဂျပန်)က ဒါရိုက်တာ ဦးကျော်လှိုင်အေးက ဘီဘီစီကို ပြောပါတယ်။

ပူးတွဲပေးပို့တဲ့ ဗီဒီယိုသတင်းတွေထဲမှာ ၁၉၈၈ ခုနှစ်ကနေ စစ်အစိုးရရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေရဲ့ ခိုင်မာတဲ့သက်သေအထောက်အထားတွေက အဓိကအားဖြင့် ပါဝင်ကြောင်း တကမ္ဘာလုံးကို ခြိမ်းခြောက်လာခဲ့တဲ့ နျူကလီးယားလို ကိစ္စမျိုး တွေကို ပီပီပြင်ပြင်မြင်တွေ့ရအောင် ဗီဒီယိုဖိုင်နဲ့ပို့ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်လှိုင်အေးက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ စုံးစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့နိုင်ဖို့အတွက် တကမ္ဘာလုံးမှာရှိတဲ့ အတိုင်းအတာနဲ့ပတ်သက်ပြီး ထိရောက်ကျယ်ပြန့်မှုရှိအောင် မလုပ်နိုင်ခဲ့ဘူလို့ သူယူဆတဲ့အကြောင်း အကယ်၍သာ ကမ္ဘာ့အတိုင်းအတာနဲ့သိအောင် လုပ်နိုင်မယ်ဆိုရင် ကုလသမဂ္ဂရဲ့စဉ်းစားမှုဟာ သေချာပေါက် ပြောင်းလဲလာမှာဖြစ်ကြောင်း တကမ္ဘာလုံးရဲ့အသံက ဟိန်းထွက်လာမယ်ဆိုရင် ဘယ်လို ဗီတိုအာဏာနဲ့မှ ပယ်လို ့မရနိုင်ဘူးလို့ သူယူဆကြောင်း ဦးကျော်လှိုင်အေးက ဘီဘီစီကို ပြောပါတယ်။