ထိုင်းမှာ ရှပ်နီတွေ ဆန္ဒပြပြန်ပြီ

Image caption ဘန်ကောက်မြို့က ရှပ်နီဝတ် ဆန္ဒပြ သမားတွေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားတဲ့ ကြားက အံတုပြီး လက်ရှိ အစိုးရ ဆန့်ကျင်တဲ့ ရှပ်နီဝတ်တွေက ဆန္ဒပြခဲ့ ကြပါတယ်။

အရင် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဆီကနေ စစ်တပ်က အာဏာသိမ်းယူတဲ့ လေးနှစ်မြောက်နေ့ အဖြစ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘန်ကောက်မြို့ပေါ်မှာ သီတင်းပတ် ပေါင်းများစွာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဖိနှိပ်ခံရတာ လေးလ အတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

မြို့ပေါ်မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပေမယ့် အကြမ်းဖက်မှု တစုံတရာမတွေ့ရဘူးလို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

နိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာလည်း အလားတူ ချီတက် ဆန္ဒပြပွဲတွေ ကျင်းပခဲ့တယ်လို့ သိရပါတယ်။