ဂျူးအိမ်ယာဆောက်သူတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်း

Image caption အချိန်ပြည့်တာနဲ့ ဆောက်လုပ်ရေးတွေကို ချက်ခြင်း ပြန်စဖို့ စီစဉ်ထားတယ်

အစ္စရေးတို့သိမ်းထားတဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းက ဂျူးအခြေစိုက် စခန်း တည်ဆောက်မှုတချို့တဝက်ကို ရပ်စဲထားတာ ရက်ပြည့်သွားတဲ့ အချိန်မှာ ဂျူးအခြေစိုက်သူတွေအနေနဲ့ ထိန်းထိန်း သိမ်းသိမ်းလုပ်ကြဖို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နတ်တန်ယာဟုက တိုက်တွန်း လိုက်ပါတယ်။

ဂျူးအခြေစိုက်သမားတွေဟာ ရပ်စဲထားတာ အချိန်ပြည့်တာနဲ့ ဆောက်လုပ်ရေးတွေကို ချက်ခြင်း ပြန်စဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဂျူးအိမ်ယာ တည်ဆောက်မှုတွေကို ဆက်လုပ်မယ်ဆိုရင် ကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ငြိမ်ချမ်းရေး ဆွေးနွေးမှုတွေကနေ ပါလက်စတိုင်းဖက်က စွန့်ခွာသွားနိုင်တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟုဘာရတ် ကတော့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာ ပါလို့ ပြောပါတယ်။

''ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ သမ္မတအိုဘားမားအစိုးရက နှစ်ဖက်စလုံးကို ဖိအားတွေ ပေးနေပြီး၊ ငြိမ်းချမ်းရေး ရရှိဖို့ အများကြီး လုပ်ဆောင်နေ ပါတယ်။ အတူတူလုပ်ကြရင်အောင်မြင်မယ်လို့'' မျှော်လင့်ပါတယ် ဆိုပြီး မစ္စတာဘာရတ်က ဘီဘီစီနဲ့ သီးခြား တွေ့ဆုံ မေးမြန်ခန်းမှာ ပြောကြားသွားပါတယ်။

အမေရိကန်ဟာ နောက်ဆုံးအချိန်အထိ အပေးအယူလုပ်နိုင်ရေးအတွက် ၂ ဖက်စလုံးကို အကြီးအကျယ် ဖိအားပေးနေတာ ဖြစ်ပါတယ်။