အစ္စရေးက ဂျူးအိမ်ယာ ဆောက်တာ မရပ်ဘဲ ငြိမ်းချမ်းရေး ဆွေးနွေး

Image caption အစ္စရေး ဝန်ကြီးချုပ် ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပါလက်စတိုင်း သမ္မတ

ဂါဇာ အနောက်ဖက်ကမ်းမှာ ဂျူး အခြေချစခန်း ဆောက်လုပ်မှု ယာယီရပ်ဆိုင်း ထားတဲ့ အစ္စရေးရဲ့ သဘောတူညီမှု သက်တမ်း ကုန်ဆုံးတဲ့ အချိန်မှာ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ထွက်မသွားဖို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူးက ပန်ကြားလိုက်ပါတယ်။

ဂျူးအခြေချ စခန်းတွေ ဆက်ဆောက်နေမယ်ဆိုရင် အမေရိကန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ နှုတ်ထွက်ဖို့ ပါလက်စတိုင်း ဖက်က ခြိမ်းခြောက် ခဲ့ပါတယ်။

အစ္စရေးဖက်က ငြိမ်းချမ်းရေးကို ရွေးခဲ့ရင် ပါလက်စတိုင်း ဖက်က ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာပါ ၊ ဒါမှ မဟုတ်ရင်တော့ အချိန်ကုန် အခွင့်အရေးတွေ လက်လွှတ် ဆုံးရှုံးရမှာပေါ့လို့ မာမွတ်အာဘတ်စ်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း အစ္စရေး ဝန်ကြီးချုပ် နက်တန်ရာဟူးဆီကို နှစ်ကြိမ်တိုင်တိုင် ဖုန်းဆက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လုပ် ဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်။

တချိန်တည်းမှာ ဂျူး အခြေချသမားတွေက ဆောက်လုပ်မှု ရပ်ဆိုင်းထားတဲ့ သဘောတူညီချက် သက်တမ်းကုန်ဆုံးတဲ့ အနေနဲ့ အခမ်းအနားတွေ ကျင်းပခဲ့ပြီး

Revava ဆိုတဲ့ နေရာမှာဆိုရင် ခလေးပြုစု ဆောက်ရှောက်ရေး ဂေဟာ ဆောက်ဖို့ ပန္နက်ရိုက်၊ မိုးပျံ ဗူဖောင်း လွှတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။