ချီလီမိုင်းလုပ်ငန်း လုံခြုံစိတ်ချရရေး တောင်းဆို

Image caption သူ့သားကို တွေ့လိုက်ရတဲ့အချိန်မှာ ပျော်ရွှင်ခဲ့ ရတဲ့ ခံစားချက်ကိုလည်း ပြောပြပါတယ်

မြေအောက်မှာ ပိတ်မိနေရာကနေ ပြန်လည် လွတ်မြောက်လာခဲ့ကြတဲ့ ချီလီမိုင်းလုပ်သား ၃၃ ဦးထဲက အိုမာ ရဲဂက်ဒက်စ် ဆိုသူက သူဟာ မိုင်းအလုပ်ကို ပြန်လုပ်မှာ ဖြစ်တယ် လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လို့ မိုင်းအလုပ်ကို ပြန်မဝင်ခင် လုပ်ငန်းခွင် လုံခြုံ စိတ်ချရမှု အပြည့်အဝရှိရေး ဆောင်ရွက်မှုတွေလုပ်ဖို့ တောင်းဆိုမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အခုလို လုပ်ဖို့ကို သူ့အနေနဲ့ အပြင်းအထန် တောင်းဆိုသွားမှာ ဖြစ်တယ်။ ဒါမှသာ မိုင်းလုပ်သားအားလုံးဟာ ရာနှုန်းပြည့် စိတ်ချလက်ချ အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ရဲဂက်ဒက်စ် က ဘီဘီစီက ပထမဦးဆုံးပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားခဲ့ တာဖြစ်ပါတယ်။

မြေအောက်မှာ ၂ လ ကျော်ကြာ ပိတ်မိနေခဲ့ ပြီးနောက် သံဇကာအိမ် ကနေ မြေပေါ်ကို ပြန်ရောက်လာတဲ့အချိန် သူ့ကို စောင့်နေတဲ့ သူ့သားကို တွေ့လိုက်ရတဲ့ အချိန်မှာ ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရ တယ်ဆိုတဲ့ သူ့ရဲ့ခံစားချက်ကိုလည်း မစ္စတာ ရဲဂက်ဒက်စ် ဖေါ်ပြပြောဆိုသွားပါတယ်။

အခုအချိန်မှာ ၂ ဦးကလွဲပြီး ကျန်မိုင်းလုပ်သား အားလုံးဟာ ဆေးရုံက ဆင်းသွားကြပြီ ဖြစ်ပါတယ်။