ရထားလမ်းကြောင့် မြောက်ဦးက ရှေးဟောင်းယဉ်ကျေးမှု တွေ ပျက်စီးကုန်ပြီ

mrauk oo
Image caption စိုးရိမ်နေရတဲ့ ရှေးဟောင်း အမွေ မြောက်ဦး မြေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကို ဖြတ်ပြီး ရထားလမ်း ဖေါက်တဲ့ အတွက် ရှေးဟောင်း စေတီ ပုထိုး တွေ ယဉ်ကျေးမှု အဆောက် အဦ တွေ ပျက်စီး ဆုံးရှုံး နေရ ပါတယ်။

အခု ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ စစ်တွေ ကနေ အမ်း ကို ဆက်သွယ်မယ့် ရထားလမ်း ဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့ ကစပြီး မြောက်ဦး မြို့ ကို ဖြတ်သန်း ဖေါက်လုပ် ခဲ့ရာမှာ ၁၄ ရာစု က ရှေးဟောင်း ယဉ်ကျေးမှု အမွေ တွေဖြစ်တဲ့ သဇင်တန် ဘုရား၊ ငကြီးအိုင် ကျုံး၊ မင်္ဂလာ တံတိုင်း၊ ရွှေဇင်ခါ လမ်း၊ ခြင်ကိုက် တံတိုင်း၊ အမြင့်တောင် ခံတပ်၊ ပြည်စိုးကြီး ဘုရား နဲ့ ပိဋကတ်တိုက်၊ ရဲလှ ကျုံး၊ ရဲလှ တံတား၊ ရဲလှ ခံတပ်တို့ ကို မြေတူး စက်ကြီးတွေ နဲ့ ဖြိုချခံ နေရလို့ ပျက်စီး ကုန်ကြ ရပြီ လို့ ဒေသခံ သမိုင်း သုတေသီ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

မြောက်ဦးမြို့က ယဉ်ကျေးမှု အမွေအနှစ်တွေ အပေါ် မြတ်နိုးတဲ့ ပြည်သူ တွေက အထက် အဖွဲ့အစည်း အသီးသီး ကို ဓါတ်ပုံတွေ မြေပုံတွေ နဲ့ တကွ တိုင်စာတွေ ပို့ခဲ့တဲ့ အ ကြောင်း ကိုလည်း အဲဒီ ဒေသခံ သမိုင်း သုတေသီ က ပြောပါတယ်။

ဒီလို တိုင်ကြားစာတွေ ပို့ခဲ့လို့ မြို့နယ် အဆင့် တာဝန်ရှိသူ တွေက ရထားလမ်း ဖေါက်လုပ် တာကို ရပ်တန့်ဖို့ တားမြစ် ခဲ့ပေမယ့် အထက် အာဏာပိုင် တွေက ပြန်လည် ဖေါက်လုပ် ဖို့ ညွှန်ကြား လာတဲ့ အတွက် အခုအခါ ရထားလမ်းကို နေ့ရော ညပါ ဆက်လက် ဖေါက်လုပ် နေတယ် လို့ သိရပါတယ်။