ထိုင်း မြန်မာ နယ်စပ် ဘုရားသုံးဆူဂိတ် ပြန်ဖွင့်

three_pagodas_pass
Image caption ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့် လို့ ဒေသခံ တွေ ဝမ်းသာ နေကြ

၅ နှစ် ကြာ ပိတ်ထားတဲ့ ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူ နယ်စပ်ဂိတ် ကို မြန်မာနိုင်ငံ ဘက်က ဒီနေ့ အင်္ဂါ နေ့ မှာ ပြန်ဖွင့် လိုက်ပါတယ်။

အခုလို ဘုရားသုံးဆူဂိတ် ကို ပြန်ဖွင့်ပေး လိုက်တာဟာ နှစ်ဘက်စလုံးအတွက် အဆင်ပြေ တယ်လို့ ပြောရမှာ ဖြစ်ကြောင်း၊ အရင်က ပစ္စည်း တခု တင်မယ် ချမယ် ဆိုရင် အဝေးကြီး ကွေ့သွား ရတဲ့ အကြောင်း ဒေသခံ မြန်မာ တစ်ဦး က ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ထိုင်း နယ်ခြားစောင့် တပ်သား ၂ ဦး ကို DKBA တပ်တွေ ဖမ်းဆီး သွားရာ ကနေ ထိုင်း နဲ့ မြန်မာ အကြား ပြဿနာ ဖြစ်လာ တဲ့ နောက်ပိုင်း မြန်မာ ဘက် က ဒီ ဂိတ်ကို ပိတ်ထား ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့် ပေးတာ ဟာ အရင် လ ပိုင်း အတွင်း တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တဲ့ ဘုရားသုံးဆူမြို့ ကို မြန်မာ အစိုးရ ဘက်က ထိန်းချုပ် ထားနိုင် ပါတယ် ဆိုတာ ကို ပြတဲ့ အနေနဲ့ ပြန်ဖွင့်ပေးတာ ဖြစ်ကောင်း ဖြစ်နိုင် တယ်လို့ လည်း သုံးသပ်ကြပါတယ်။

အခုလို နယ်စပ်ဂိတ်ကို ပြန်ဖွင့် လိုက်တယ် ဆိုပေမယ့် ဒီ နယ်စပ်ဂိတ် ဘယ်လောက် ကြာကြာ ဆက် ဖွင့်ထားနိုင်မလဲ ဆိုတာ မြန်မာနိုင်ငံထဲမှာ DKBA နဲ့ စစ်အစိုးရတပ် တွေ တိုက်ပွဲ ဖြစ်ပွား တာမျိုးက အစ မြန်မာ အစိုးရ အနေနဲ့ တည်ငြိမ် အေးချမ်းတဲ့ အခြေအနေမျိုး ခိုင်မာ အောင် ဖန်တီးထားနိုင်တဲ့ အခြေအနေ အပေါ် မူတည်မှာ ဖြစ်တယ် လို့ ယူဆ နေကြ ပါတယ်။

ဒါပေမယ့် ဂိတ်ပြန်ဖွင့်တာ ကိုတော့ ထိုင်း နဲ့ မြန်မာ နှစ်ဘက် နယ်စပ် ဒေသ လူထု ကတော့ ကျေနပ် ဝမ်းသာ နေကြ ပါတယ်။