ဗုံးကွဲမှုဟာ တိုင်းပြည်အေးချမ်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေ

Image caption ဗုံးထိမှန် သွားသူ တဦး

နိုင်ဂျီးရီးယား နိုင်ငံ အဘူဂျာမြို့နားက စစ်တပ်ဝန်းနားက စျေးထဲက ဘီယာဆိုင်မှာ ဗုံးပေါက်ကွဲခဲ့လို့ လူအတော်များများ သေဆုံးသွားပါတယ်။

ထိခိုက် ဒဏ်ရာရတဲ့ သတင်း အတိအကျတွေ အတည်ပြုလို့ မရသေးပေမယ့် ဗုံးပေါက်တဲ့ နေရာကနေ အလောင်းတွေ သယ်ထုတ်သွားတာ တွေ့ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့နဲ့ ကျန်းမာရေး အရာရှိတွေကတော့ လူလေးယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

နိုင်ဂျီးနိုင်ငံ တည်ငြိမ်အေးချမ်းတာကို ခြောက်လှန့် အန္တရာယ်ပေးနေတဲ့ စိန်ခေါ်မှု တရပ်ဖြစ်တယ်လို့ သမ္မတ ဂွတ်လပ်ခ် ဂျိုနသန်က ပြောပါတယ်။