တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူတွေပါ လှေ၂စင်း တိမ်းမှောက်

Image caption ယီမင် ပင်လယ်ကွေ့မှာ အသက်ဆုံးရှုံး ရသူတွေ များပြား

ယီမင်နိုင်ငံ ကမ်းရိုးတမ်းမှာ အာဖရိကတိုက် တလွှားကနေ ချမ်းသာ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ သွားရောက် အခြေချ နေထိုင်ဖို့ ထွက်ပြေးလာသူ အပြည့် တင်ဆောင်လာတဲ့ လှေနှစ်စင်း တိမ်းမှောက်သွားခဲ့ပြီး လှေပေါ်ပါ လူရှစ်ဆယ်ကျော် သေဆုံးသွားပါတယ်။

ကယ်ဆယ်ရေး လုပ်သားတွေက အသက်ရှင်ကျန်ရစ်သူ သုံးယောက်သာ ရှာတွေ့ခဲ့ပါတယ်။

လှေနှစ်စင်း မြုပ်နေချိန်မှာ အဲဒီပတ်ဝန်းကျင် တဝိုက်မှာ အင်အားပြင်းတဲ့ လေမုန်တိုင်း တိုက်ခတ်နေတယ်လို့ သိရပါတယ်။

သေဆုံးသူ အများစုဟာ အီသီယိုပီးယားကနေ ထွက်ပြေးလာတဲ့ တရားမဝင် အခြေချနေထိုင်ဖို့ ကြိုးစားသူတွေ ဖြစ်ပါတယ်။

နှစ်စဉ် သိန်းနဲ့ချီတဲ့ အာဖရိက တလွှားက ရွေ့ပြောင်းနေထိုင်သူတွေဟာ ဦးချို သဖွယ် ဖြစ်နေတဲ့ အန္တရယ်များလှတဲ့ ယီမင်ပင်လယ်ကွေ့ကို ဖြတ်ပြီး တခြား ဖွံဖြိုးတဲ့ နိုင်ငံကြီးတွေကို ဝင်ရောက်နေထိုင်ဖို့ အသက်စွန့် ကြိုးစားကြတာ ဖြစ်ပါတယ်။