ဆူဒန် တောင်ပိုင်း လွတ်လပ်ရေး

_juba_arab_ties
Image caption ဆူဒန်တောင်ပိုင်း လွတ်လပ်ရေး တောင်းဆိုနေပုံ

ဆူဒန်နိုင်ငံ တောင်ပိုင်းပြည်သူ တွေ လွတ်လပ်ရေး အတွက် ပြည်သူ့ဆန္ဒ ခံယူပွဲ မဲပေးဖို့ ပြင်ဆင်နေချိန် မှာ တောင်ပိုင်းသား တွေ အနေနဲ့ ခွဲထွက်ရေးပဲ ဆုံးဖြတ်ရင် နယ်မြေ မတည်ငြိမ်မှု နဲ့ အခွင့်အရေးတွေ ဆုံးရှုံးနိုင် စရာ ရှိကြောင်း၊ ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှား က သတိပေးလိုက်ပါတယ်။

တောင်ပိုင်းသားတွေ အနေနဲ့ လွတ်လပ်ရေး ရဖို့ စိတ်ဆန္ဒ ရှိတဲ့အပေါ်မှာ သူ့အနေနဲ့ နားလည်နိုင်ပေမဲ့ ဒေသတွင်းနေ တောင်ပိုင်းသား တို့ရဲ့ လိုအပ်ချက် ဖြည့်စည်းပေးရေး နဲ့ ပြည်နယ် သီးသန့် ထူထောင်ပေးရေး အပိုင်းမှာ စွမ်းဆောင်အား မရှိတဲ့ အကြောင်း သမ္မတ ဘာရှားက အယ်လ်ဂျာ ဇီးယား ရုပ်သံ မေးမြန်းခန်း မှာ ပြောသွားပါတယ်။

အမေရိကန် ဆီးနိတ် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဉက္ကဌ ဂျွန်ကယ်ရီ က ဆူဒန်တောင်ပိုင်း လွတ်လပ်ရေးကို ချောမွေ့စွာ ဆောင်ရွက် ပေးရင်၊ အမေရိကန် ရဲ့ အားပေးထောက်ခံမှု ရမဲ့ အပြင်၊ ဆူဒန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု ဖယ်ရှားပေးမဲ့ အကြောင်း၊ ဆူဒန်ဟာ အကြမ်းဖက်မှု တွေကို ကြားခံ ဆောင်ရွက် ပေးနေတယ် ဆိုတဲ့ နာမည် ပျက် စါရင်း ကနေလဲ ပယ်ဖျက်ပေးဖို့ သမ္မတ အိုဘားမား အသင့် ရှိနေပုံတွေ ကို ဂျွန်ကယ်ရီ က ပြောပြပါတယ်။