အီရန်နျူကလီးယား ဆွေးနွေးပွဲ သဘောတူညီမှုမရ

Image caption နျူကလီးယား ကိစ္စပြောချင်ရင် ပိတ်ဆို့မှု အရင်ရုပ် ရမယ်လို့ အီရန်ကပြော

အီရန်နျူကလီးယား အစီအစဉ်နဲ့ ပတ်သက် ပြီး၊ တူရကီနိုင်ငံ အီစတာဘူး မြို့မှာ ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံက ကိုယ်စားလှယ်တွေ နဲ့ အီရန်က ကြားဝင် စေ့စပ် သူတွေအကြား ဆွေးနွေးမှုတွေဟာ တိုးတက်မှု တစုံတရာ မရှိဘဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ကက်သရင်းအက်ရှ်တန်က​ အီရန်တို့ရဲ့ ရပ်တည် ချက်နဲ့ သူတို့ရဲ့ ကြိုတင် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး၊ စိတ်ပျက်ခဲ့ရတယ်လို့ ပြောပါ တယ်။

နောက်ပြီးသူက အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ ရှိမယ်လို့ မျှော်လင့်ခဲ့ကြောင်း၊ အခုတော့ သူတို့ အပေါ် ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေ မရုပ်မသိမ်းချင်း အီရန်ဖက်က နျူကလီးယားကိစ္စ စကားပြောဖို့ အဆင်သင့် ဖြစ်မှာ မဟုတ်သေးဘူးလို့ ပြောပါတယ်။

အီရန်ဖက်က ညှိနှိုင်းရေးမှူး ဆာအိဂျလီလီ ကတော့ ဆွေးနွေးမှုတွေမှာ အများသဘောတူ ဘုံစဉ်းစားချက်တခု လိုအပ်ကြောင်းနဲ့ မလိုမုန်းတီးမှုတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာ တွေကို ရှောင်ရှားရမယ်လို့ ပြောပါတယ်။

သူတို့ရဲ့ နျူးကလီးယားအစီအစဉ်ဟာ အရပ်ဖက်သုံး အတွက်သာ ဖြစ်တယ်လို့ အီရန်ဖက်က ပြောပါတယ်။

နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ အိုင်အေအီးအေကတော့ အီရန်ရဲ့ နျူကလီးယား အစီ အစဉ်ဟာ အရပ်ဖက်သုံးအတွက်သာ ဖြစ်တယ်ဆိုတာကို အတည်ပြုလို့ မရဘူးလို့ ပြောပါ တယ်။