ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံခုံရုံး အတည်ပြု

Image caption ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဌဖြစ်လာတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုး

နေပြည်တော်မှာ ဒီကနေ့ ဆက်ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ ကို အတည်ပြုလိုက်ပါတယ်။

အဖွဲ့ဝင် ရှစ်ဦးပါဝင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး ဥက္ကဌအဖြစ် ြီးခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ဦးသိန်းစိုးကိုခန့်အပ်လိုက်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ လွှတ်တော်အစည်းအဝေးတွေမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီး ၉ ဦးစီရဲ့ အမည်စာရင်းတွေကို အတည်ပြုခဲ့ပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးတွေအဖြစ် ဗိုလ်မှူးကြီး အဆင့် စစ်သား ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ အများစု ပါဝင်ကြတာကို တွေ့ရပါတယ်။

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်လွှတ်တော်တွေမှာ ရှမ်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်ရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံစဝေါဒီမိုကရက်တစ်ပါတီ နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အစရှိတဲ့ တိုင်းရင်းသားပါတီတွေက အနိုင်ရ ပြည်နယ်လွှတ်တော်အမတ် တချို့ကို ပြည်နယ်ဝန်ကြီးတွေအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဘယ်သူကို ဘယ်ဝန်ကြီးဌာန ပေးမယ်ဆိုတာ အတည်မပြုသေးပေမယ့် စစ်တပ်ကိုယ်စားလှယ်ဝန်ကြီးက နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာနကို ကိုယ်တွယ် ဖို့ရှိတယ်လို့ ပြည်နယ်လွှတ်တော်အမတ်တွေက ပြောပါတယ်။