မြန်မာအတိုက်အခံတွေကို ထိုင်းတင်းကြပ်

thai_border_trade
Image caption မြဝတီ မဲဆောက် နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်တော့ မလား

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မှာ ခိုလှုံနေကြတဲ့ မြန်မာ အတိုက်အခံ တွေနဲ့ လူမျိုးစု အတိုက်အခံ တွေအနေနဲ့ မြန်မာ စစ်တပ်ကို သွားရောက်တိုက်ခိုက်တာ၊ နိုင်ငံရေး လှုပ်ရှားမှု ဆောင်ရွက်တာတွေ အပေါ် ထိုင်းအစိုးရက တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားတော့ မယ်လို့ တာ့ခ် တာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရဘက်က ထိုင်းနိုင်ငံရောက် အတိုက်အခံ အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ကို အချက်အလက် ပေးပို့ပြီး ဖိအားပေးခဲ့တဲ့ နောက်မှာ ထိုင်းဘက်က အခုလို တုန့်ပြန်လာတာ ဖြစ်ပါတယ်။

ထိုင်း မြန်မာ နှစ်နိုင်ငံ အကြားပိတ်ထားတဲ့ မဲဆောက် မြဝတီ နယ်စပ် ကုန်သွယ်ရေးလမ်းကို ပြန်လည် ဖွင့်လှစ်ပေးဖို့ ထိုင်းဘက်က လိုလားနေချိန်မှာ မြန်မာဘက်က အခုလို ဖိအားပေးလာတာ ဖြစ်ပါတယ်။

မြန်မာ အတိုက် အခံတွေနဲ့ လူမျိုးစု တွေကို ထိုင်း အမျိုးသား လုံခြုံရေး အဖွဲ့က ဘယ်လို ပုံစံနဲ့ ကိုင်တွယ် ဖြေရှင်းသွားမလဲ ဆိုတာ ကိုတော့ တာ့ခ် ခရိုင်ဝန်က အသေးစိတ် ပြောကြား သွားပါတယ်။