တရုတ်မြန်မာ နယ်စပ်မှာ မြေငလျင်လှုပ်

မြန်မာ နိုင်ငံ နယ်စပ် အနီး တရုတ် နိုင်ငံ အနောက် တောင်ပိုင်း မှာ မြေငလျင် လှုပ်ခတ်သွားခဲ့ တဲ့ အတွက် လူပေါင်း ၂၀ ကျော် သေဆုံးပြီး ၂၀၀ ကျော် သေဆုံးသွားခဲ့ပါတယ်။ အဲဒီထဲက ဒဏ်ရာ ရသူတွေထဲမှာ မြန်မာ လူမျိုး တစ်ယောက် ပါတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မြေငလျင် ကယ်ဆယ်ရေး မှာ အားလုံး ပါဝင် ကူညီ ကြ

ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ရဲတွေ၊ မီးသတ် သမားတွေ နဲ့ စစ်သားတွေ ပူးပေါင်း ပါဝင် ခဲ့ကြ ပါတယ်။

တရုတ် နိုင်ငံမှာ ပြသတဲ့ ရုပ်မြင်သံကြား မှာ ပြိုကျသွားတဲ့ အဆောက်အဦး ပျက်ပုံထဲကနေ လူတွေကို ဆွဲထုတ်နေပုံတွေ ပြသခဲ့ ပါတယ်။

ယူနန် ပြည်နယ် ရင်ဂျန် ဒေသမှာ ဒေသ အချိန် နေ့လည် လောက်က ပြင်းအား ၅ ဒဿမ ၈ ရှိတဲ့ မြေငလျင် လှုပ်ခတ် သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ လူတွေ အတော်များများ နေအိမ်တွေမှာ ရှိနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။

အဲဒီ ရင်ကျန် မြို့မှာ နေတဲ့ မြန်မာ တစ်ယောက်က တော့ မြေငလျင် လှုပ်လို့ ကုန်တိုက်ကြီး တစ်ခု အပါအဝင် အဆောက်အဦးတွေ ပြိုကျတာကို မြင်ခဲ့ရတဲ့ အကြောင်းနဲ့ ဒဏ်ရာ ရသူတွေကို တွေ့ခဲ့ရတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံ ဘက်မှာလည်း ငလျင်လှုပ်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုနဲ့ အပျက်အစီး ရှိတယ်ဆိုတဲ့ သတင်းတွေ မကြားရပါဘူး။