သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံတကာ သတင်းသုံးသပ်ချက်

အီဂျစ်နိုင်ငံမှာ လူထုဆန္ဒပြပွဲတွေကြောင့် သမ္မတ မူဘာရက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကပဲ ရာထူးက နှုတ်ထွက်သွားရပါတယ်။

မူဘာရက်ဟာ သက်တမ်းအနှစ် သုံးဆယ်ကျော် တိုင်းပြည်အာဏာယူထားချိန်အတွင်းမှာ သူနဲ့ သူ့မိသားစုဟာ ကြိကြိတက် ကြွယ်ဝချမ်းသာ သွားခဲ့ကြပါတယ်။

မူဘာရက်ရဲ့ ချမ်းသာမှုဟာ ဒေါ်လာ သန်းနှစ်ထောင်ကနေ သန်းပေါင်း ခုနှစ်သောင်းအထိ ရှိမယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ဒီငွေတွေကို နိုင်ငံခြား တိုင်းပြည်တွေမှာ သိမ်းထားတယ်လို့လဲ ယူဆကြပါတယ်။

အခုတော့ အီဂျစ်လူထုက မူဘာရက်နဲ့ သူ့အပေါင်းပါတွေ ယူသွားတယ်ဆိုတဲ့ တိုင်းပြည်ရဲ့ ငွေတွေကို ပြန်ရအောင် လုပ်ဖို့ အစိုးရသစ်ကို တိုက်တွန်းနေကြပါတယ်။ ပြန်ရဖို့ ဘယ်လောက်နီးစပ်ပါသလဲ၊ ကိုမင်းထက်က နိုင်ငံတကာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ တင်ဆက်ထားပါတယ်။