ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်နိုင်

ဓာတ်ပုံ မူပိုင် AP
Image caption စားသောက်ကုန်စျေး ထိုးတက်လာမှာကို အထူး စိုးရိမ်တယ်လို့ မစ္စတာဇဲလ်လက်ခ်ကပြော

ရေနံစျေးတွေ မြင့်တက်လာမှု၊ အလုပ် လက် မဲ့ ပြဿနာနဲ့ အရှေ့အလယ်ပိုင်းက မတည် မငြိမ် ဖြစ်မှုတွေကြောင့် ကမ္ဘာကြီးဟာ စီးပွားရေး အကျပ်အတည်း ချောက်ထဲကို ကျဖို့ တဲတဲလေးသာ လိုတော့တဲ့ အခြေ အနေ ဖြစ်နေပြီလို့ ကမ္ဘာ့ဘဏ် ဥက္ကဌ ရောဘတ် ဇဲလ်လက်ခ်က သတိပေး ပြော ကြား လိုက်ပါတယ်။

ဝါရှင်တန်မှာကျင်းပနေတဲ့ ကမ္ဘာ့ ဘဏ္ဍာရေး အကြီးအကဲတွေရဲ့ အစည်းအဝေးပွဲ အဆုံးမှာ မစ္စတာ ဇဲလက်ခ် က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ငွေကြေးဖေါင်းပွမှုတွေဟာ စားသောက်ကုန်စျေးနှုန်း မြင့်တက်မှုတွေကို ဖြစ်စေနိုင်ကြောင်း၊ ဒီအတွက် ကျွန်တော်တို့ရဲ့ အထူးစိုရိမ်မှုကတော့ အစားအသောက်စျေးတွေ ထိုးတက်လာမယ့် ကိစ္စ ဖြစ်တယ်လို့ မစ္စတာ ဇဲလ်လက်ခ်က ပြောပါတယ်။

ဒီလို စားသောက်ကုန်စျေးနှုန်း မြင့်တက်လာနေမယ်ဆိုရင် ကမ္ဘာပေါ်က ဆင်းရဲတဲ့ နိုင်ငံ တွေမှာ မျိုးဆက်တခု ခါးပြတ်သွားနိုင်လောက်အောင် အဆုံးစွန် ဒုက္ခပေးနိုင်တယ် ဆိုတာကို ဒီအစည်းအဝေးကနေ ကောက်ချက် ချခဲ့ပါတယ်။

အစည်းအဝေး တက်လာတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ က ခေါင်းဆောင်တွေ ဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းက အစိုးရ သစ်တွေကို ပံ့ပိုးကူညီဖို့ ဒေါ်လာ ၃၅ ဘီလီယံ ထုတ်ချေးမယ်လို့ ကတိပေးခဲ့ပါတယ်။