ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေး ဘတ်ဂျက်

ဂျပန်
Image caption အပျက်အစီး ပုံ ကြား က ရုန်းထရမယ့် ဂျပန်

နိုင်ငံ မှာ ငလျင် နဲ့ ဆူနာမီ ကြောင့် ဖြစ်ခဲ့ တဲ့ ပျက်စီး ဆုံးရှုံးမှု တွေ ကြားထဲ က ပြန်လည်ထူထောင်ရေး လုပ်နိုင်ဘို့ ဂျပန် အစိုးရ က ဘတ်ဂျက် ဒေါ်လာ ၅၀ ဘီလီယံ နီးပါး သတ်မှတ် ချထား လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ အတွင်း ဂျပန် မှာ လှုပ်ခတ် ခဲ့တဲ့ ငလျင် ဒဏ် နဲ့ ဆူနာမီ လှိုင်းလုံး တွေရဲ့ ဒဏ် ကြောင့် နိုင်ငံ တွင်း မှာ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် ဖိုး ပျက်စီး ဆုံးရှုံး ခဲ့ ရပါတယ်။

အခုတော့ ပြန်လည်ထူထောင်ရေး ဘတ်ဂျက် ကို အစိုးရ က သတ်မှတ် လိုက်ပြီး ဆူနာမီ ထိခဲ့ တဲ့ ကမ်းရိုးတန်း တလျှောက် ရှင်းလင်းဖို့၊ ဆိပ်ကမ်းတွေ လမ်းတွေ ပြန်ပြင်ဆင်ဖို့၊ လူနေအိမ် တွေ ပြန် တည်ဆောက်ဖို့ စတဲ့ လုပ်ငန်း တွေကို လုပ်ဖို့ ရည်ရွယ်ထား ပါတယ်။

အခု ဒီဘတ်ဂျက် ဟာ ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေ အတွက် လုံလောက်မှု မရှိ နိုင်သေး ပါဘူး။

ဂျပန် ဟာ စက်မှုထွန်းကား တဲ့ နိုင်ငံ တွေထဲ နိုင်ငံခြား ကြွေးမြီ အများဆုံး တင်နေတဲ့ နိုင်ငံ ဖြစ်တာ ကြောင့် နောက်ထပ် လိုတဲ့ ဘတ်ဂျက် ကို ပြည်သူ့ အသုံးစားရိတ် ထဲ က ချွေတာပြီး စုဆောင်း ရမှာ လို့ ဆိုပါတယ်။

အခု အစိုးရက တင်သွင်း မယ့် ဘတ်ဂျက် ကို လာမယ့် သီတင်းပတ် ကျ လွှတ်တော် မှာ တင်ပြဆွေးနွေးဖို့ ရှိပြီး အတိုက်အခံ တွေ ဘက် ကလည်း ကန့်ကွက် မှာ မဟုတ် ဘူး လို့ မှန်းဆ ကြပါတယ်။