ဆီးရီးယား နိုင်ငံမှာ သွေးစွန်းတဲ့နေ့

ဓာတ်ပုံ မူပိုင် AP
Image caption လမ်းပေါ်ထွက်လာကြတဲ့ ဆန္ဒပြသမားတွေ

ဆီးရီးယားနိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် လူရဝ သေဆုံးခဲ့ပြီး နောက်နေ့မှာ အနောက်နိုင်ငံတွေက ဆီးရီးယား အစိုးရကို ရှုတ်ချလိုက်ပါတယ်။

အမေရိကန် ၊ ဗြိတိန် နဲ့ ပြင်သစ်တို့က ဆီးရီးယား အစိုးရအနေနဲ့ ကိုယ့်နိုင်ငံက အရပ်သားတွေကို အင်အားသုံး နှိမ်နင်းတာ ရပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆီးရီးယား သမ္မတ ဘတ်ရှား အယ် အာဆက်ဒ်ဟာ ကတိပေးထားတဲ့ အတိုင်း ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က တောင်းဆိုလိုက်ပါတယ်။

ဆီးရီးယား အစိုးရ အာဘော် သတင်းဌာနကတော့ လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယို ဗုံးနဲ့ မီးသတ်ပိုက်တွေသာ သုံးပြီး အဓိကရုန်းကို နှိမ်နင်းခဲ့တာပါလို့ ဆိုပါတယ်။

သောကြာနေ့ ဝတ်ပြု ဆုတောင်းပွဲ အပြီး ဆီးရီးယား နိုင်ငံက မြို့တွေ ဒေသ အသီးသီးက လမ်းတွေပေါ်မှာ ထောင်သောင်းချီတဲ့ သူတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။