ထိုင်းကမ္ဘောဒီယားတိုက်ပွဲ

ထိုင်းနဲ့ကမ္ဘောဒီးယားကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဖရာ့ဝိဟာ ဓာတ်ပုံ မူပိုင် BBC World Service
Image caption ထိုင်းနဲ့ကမ္ဘောဒီးယားကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဖရာ့ဝိဟာ

ထိုင်းနဲ့ကမ္ဘောဒီယားနိုင်ငံကြား အငြင်းပွား မှု မှာ အခုနောက်ဆုံး တိုက်ခိုက်မှုတွေ အတွင်း ထိုင်းဘက်က လက်နက်ကြီးတွေ အဆိပ်ဓါတ်ငွေ့တွေ သုံးပြီး စကျူးကျော် တာလို့ကမ္ဘောဒီးယားဘက်က စွပ်စွဲပါတယ်။

ထိုင်းကတော့ အဲဒီစွပ်စွဲချက်ကိုငြင်းပယ်လိုက်ပြီး ကမ္ဘာဒီးယားရဲ့တိုက်ခိုက်မှုကို တုံ့ပြန်တာလို့ ပြောပါတယ်။

အငြင်းပွားနေတဲ့ ဖရာ့ဝိဟာရဲ့အနောက်ဖက် နယ်စပ်ဒေသမှာ သောကြာနေ့ကတိုက်ပွဲဖြစ်ပြီး ၇ ယောက် သေဆုံးခဲ့ပါတယ်။ ဒီမနက်မှာ ပြန်တိုက်ကြလို့ နောက်ထပ် ၄ ယောက် ထပ်မံ သေဆုံးတာ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးဟာ တရက်အတွင်း ကျိုးပေါက်သွားပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ရာ နေရာတွေက ရွာသားတွေ ကို ကယ်ထုတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း နယ်စပ်အငြင်းပွားမှုတိုက်ပွဲတွေအတွင်း လူ ၁၀ ယောက်ထက် မနည်း သေဆုံးလို့ ၂ ဘက်နယ်စပ်ဒေသတွေမှာ တပ်သား ထောင်ချီအင်အား ဖြည့်ထားခဲ့ ပါတယ်။

အတည်တကျမရှိတဲ့ ၂ နိုင်ငံမှာ တရားဝင်နယ်နိမိတ်သတ်မှတ်ဖို့မကြာမီက အင်ဒိုနီးရှားနိုင်ငံ မှာ အစည်းဝေးလုပ်ခဲ့ကြပေမဲ့ သံတမန်ရေးကြိုးပမ်းမှုနဲ့စာရင် မြေပြင်မှာ ဖြစ်တဲ့ပြဿနာက ပိုလျင်မြန်စွာ ပြောင်းလဲလာနေတဲ့ သဘော ဖြစ်တယ်လို့ ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက်က သုံးသပ်ထားပါတယ်။