အပြစ်တွေ လာပုံ နေတယ် လို့ ပါကစ္စတန် က တုန့်ပြန်

bin laden ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘင်လာဒင် စံအိမ် ကို ဂြိုလ်တု က နေ ဓာတ်ပုံ ရိုက် ထားစဉ်

ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ် ရာဇာ ဂီလာနီ က သူ နိုင်ငံ အနေ နဲ့ အိုစမာ ဘင်လာဒင် ဘယ်မှာ ရှိနေတယ် ဆိုတာ ကို မထောက်လှမ်း နိုင် ခဲ့တဲ့ အပေါ် နိုင်ငံ တကာ ထောက်လှမ်းရေး အဖွဲ့တွေ က ဝိုင်းပြီး ပြစ်တင် ဝေဘန် နေကြတယ် လို့ စွပ်စွဲ လိုက်ပါ တယ်။

ပါကစ္စတန် တနိုင်ငံတည်း အစွန်းရောက်ဝါဒ နဲ့ အကြမ်းဖက် ဝါဒ ကို တိုက်ခိုက် နိုင်မှာ မဟုတ် တဲ့ အတွက် ဝိုင်းဝန်း လုပ်ဆောင် ကြပါ လို့ ဆိုရင်း သူ က အကူအညီ တောင်း လိုက် ပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် ဟာ ပဲရစ် ကို ရောက်နေစဉ် အခုလို ပြောကြား ခဲ့တာ ဖြစ်ပြီး ပြင်သစ် က ခေါင်းဆောင် တွေနဲ့ သူ တွေ့ဆုံ ဖို့ရှိ ပါတယ်။

အဲဒီ အခါမှာ လည်း ဘင်လာဒင် ရဲ့ သတင်း ကို ဘာလို့ မရခဲ့ သလဲ ဆိုတဲ့ အပေါ် ခက်ခဲ တဲ့ မေးခွန်း တွေ အထုတ်ခံ ရဦးမှာ လို့ တွက်ဆ နေကြ ပါတယ်။

အိုစမာ ဘင်လာဒင် ကို ဖမ်းဆီး စီးနင်း တဲ့ စစ်ဆင်ရေး နဲ့ ပတ်သက်ပြီး ပါကစ္စတန် ကို ကြိုပြောလောက် ရအောင် မယုံကြည် ရ ဘူး ဆိုတဲ့ သဘောမျိုး အမေရိကန် ဘက် က ပြောကြားချက် နဲ့ ပတ်သက်ပြီးလည်း ပါကစ္စတန် က ပြန်လည် တုန့်ပြန် ကန့်ကွက် ပြောဆို ခဲ့ ပါတယ်။

ဒီလို အချိန်မှာ ပဲ အာဖဂန် နစ္စတန် နိုင်ငံ က ပါကစ္စတန် အနေနဲ့ အစ္စလာမ် မာဘတ် နားမှာ နေ နေတဲ့ ဘင်လာဒင် သတင်း ကို ဘာလို့ ကြိုမရ လဲ ဆိုတဲ့ အပေါ် မေးခွန်း ထုတ်ခဲ့ ပါ တယ်။

အာဖဂန် ရဲ့ ကာကွယ်ရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ် မိုဟာမက် ဇက်ဟာ အာဇီမီ က စစ်တက္ကသိုလ် တခု နဲ့ တကီလို မီတာ တောင် မဝေး တဲ့ နေရာ တခုမှာ ဘင်လာဒင် ရှိ နေတာ ကို ပါကစ္စတန် ထောက်လှမ်းရေး ISI က သိကို သိသင့် တယ်လို့ ဝေဘန် ခဲ့ပါတယ်။