ဘင်လာဒင် ကို ရုံးတင်ဖို့ မလုပ်သင့် ဘူးလား

bin laden ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် တို့ စီးနင်းစဉ် ဘင်လာဒင် လက်နက် ကိုင် မထားခဲ့ ဘူးလို့ သတင်း ထွက်လာခဲ့

အယ်ကိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန် အထူး တပ်ဖွဲ့ တွေက လက်ရ ဖမ်းဆီးမယ့် အစား ခေါင်းကို သေနတ်နဲ့ ပစ်ပြီး အသေ ပဲ ဖမ်းဆီး ခဲ့ ပါတယ်။

ဒီတော့ အမေရိကန် ပြည်ထောင်စု ရဲ့ အလို ရှိဆုံး သူဟာ တရားဥပဒေ အရ ရုံးတင် လို့ မရနိုင်တော့ ပါဘူး၊ သူ့ကို တရားရုံး မှာ ရုံးတင်ပြီး တရား မစွဲ သင့် ဘူးလား။

ဥပဒေ သမား တွေကတော့ လက်တုံ့ပြန် လက်စားချေ ဖို့ မလုပ်ရ ပဲ တရား ဥပဒေ အရ ဆောင် ရွက်ဖို့ ကိုသာ အမြဲ ပြောခဲ့ ကြပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီ ကတော့ စစ်ပွဲ လုပ်ကြ တာထက် တရား ဥပဒေ အတိုင်း စီရင် တာက ပိုကောင်း တယ်၊ ဒါပေမယ့် ပေးရတဲ့ အရင်း အနှီး ကတော့ များတယ် လို့ ဆိုပါတယ်။

အခု ဘင်လာဒင်ရဲ့ ကိစ္စ မှာ သူ့ကို လက်ရ ဖမ်းမိပြီး တရားရုံး မှာ စစ်ဆေးမယ် လို့ စဉ်းစား ကြမယ် ဆိုပါစို့။

အဲဒီလို ရုံးတင်နိုင်တဲ့ အချိန်အထိ သူ့ကို ဘယ်မှာ လုံလုံခြုံခြုံ ထားမလဲ ဆိုတာက မေးစရာ ဖြစ်လာ ပါတယ်။

ဥပဒေ အရ ကြည့်မယ် ဆိုရင်တော့ သူ့ကို ကြားနာ စစ်ဆေးသင့်တဲ့ နေရာဟာ လူ အမြောက် အများ သေကြေ အောင် သူ လုပ်ခဲ့တာ လို့ စွပ်စွဲတဲ့ 9/11 တိုက်ခိုက်မှု ဖြစ်ခဲ့ရာ New York မြို့ မှာ ဖြစ်သင့် တယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ အကြမ်းဖက် တိုက်ခိုက်မှု အများအပြား ကို ဦးစီး ကြိုးကိုင် ဆောင်ရွက်ခဲ့သူ လို့ စွပ်စွဲ ခံခဲ့ ရတဲ့ Khalid Sheikh Mohammed ကို အမေရိကန် မှာ စစ်ဆေး ဖို့ ကြိုးပမ်း ကြစဉ် က လုံခြုံရေး အကြောင်း ပြချက် အရ အမေရိကန် မှာ ရှိတဲ့ Mahattan တရားရုံးမှာ ရုံးတင် စစ်ဆေးတာ မလုပ်နိုင် တော့ပဲ ဂွာတာနာမို ကမ်းခြေက စစ် ခုံရုံး တစ်ခု မှာသာ စစ်ဆေး ရပါတယ်။

အခု ဒီအချိန် မှာ တော့ ဂွာတာ နာမို စခန်းကို ပိတ်ပစ်ဖို့ အမေရိကန်က ကြိုးစား နေရ ချိန်မှာ ဘင်လာဒင် အမှု ကို အဲဒီမှာ စစ်ဆေးဖို့ ဆိုတာ ဖြစ်နိုင်ချေ မရှိ ပြန်ပါဘူး။

တခါ သူ့ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ တင်ဖို့ကလည်း ၂၀၀၁ ခုနှစ် က ဖြစ်ခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကို ၂၀၀၂ ခုနှစ် ကျမှ ပေါ်ပေါက်လာ တဲ့ အဲဒီ တရားရုံးမှာ စစ်ဆေးဖို့ က မဖြစ်နိုင် ပြန်ပါဘူး။

ရဝမ်ဒါတို့ ယခင် ယူဂိုဆလားဗီးယား နိုင်ငံတို့ မှာ ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေ တုန်းကလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက နေ အထူး ခုံရုံး တစ်ခု ဖော်ဆောင်ပြီး စစ်ဆေး ဖို့ ဆိုရင် တော့ ဖြစ်နိုင် ပါတယ်။

သို့သော်လည်း အခက်အခဲ တွေ က ရှိဦး မှာပါ။

အခက် အခဲတွေ ကို ကျော်လွှားပြီး ကဆားဗီးယား က မီလိုဆိုဗစ်ချ် တို့ လိုင်ဘေးရီးယား သမ္မတ ချားလ်စ် တေလာ တို့တုန်း ကလို အိုစမာဘင် လာဒင် ကို တရားရုံး ထုတ်နိုင်ပြီး ဥပဒေကြောင်း အရ တရား စီရင်နိုင်ပြီ ဆိုရင် လည်း သူ့ကို ထောက်ခံသူတွေ က သူ့ကို့ သူရဲကောင်း တစ်ယောက် အဖြစ် သဘောထား ကြမယ့် အရေး ကို ကြုံကြ ရဦးမှာပါ။

နောက်ထပ် ဥပေဒေကြောင်း အရ အရေးကြီးတာ တခု ကလည်း စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု မှာ အိုစမာဘင် လာဒင် တာဝန် ရှိတယ် ဆိုတာ ကို တရားလို ရှေ့နေ ဘက် က သက်သေ ပြနိုင်ဖို့ လိုတဲ့ အချက်ပါ။

ဝင်စတန် ချာချီ ကတော့ နာဇီ စစ်ခေါင်းဆောင် တွေ ကို အကျဉ်းရုံး သတ်ဖြတ် ဖို့ ပြောခဲ့တဲ့ အပေါ် သူ ဘယ်တော့မှ နောင်တ မရ ဘူး လို့ ဆိုခဲ့ ပါတယ်။

ဒါပေမယ့် အခုအချိန် မှာ တကယ်လို့ သာ သမ္မတ အိုဘားမား က ဘင်လာဒင် ကို အဆုံးစီရင် လိုက်ဖို့ အမိန့် ပေးခဲ့တယ် ဆိုရင်တော့ သူ့ဆီမှာ ခိုင်လုံပြီး ဆွဲဆောင်မှု ရှိတဲ့ အကြောင်းပြချက် တွေ ရှိနေဖို့ လိုတယ် လို့ Bedfordshire တက္ကသိုလ်က Media and Criminal Justice ဌာန ပါမောက္ခ Jon Silverman က သုံးသပ် ထားပါ တယ်။