ကြေးစား တပ်ဖွဲ့ အန္တရာယ်ကို အိုင်ဗရီကို့စ် သတိပေး

Ouattara ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိုင်ဗရီကို့စ် သမ္မတ ဝါတာရာ

အိုင်ဗရီကို့စ် သမ္မတသစ် ဝါတာရာ က အရင် သမ္မတဟောင်း လော့ရင့် ဘတ်ဘိုကို ထောက်ခံတဲ့ လိုက်ဘေးရီးယား ကြေးစားတပ်ဖွဲ့ တွေဟာ အနောက်အာဖရိက အတွက် အန္တရာယ် ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

ကြေးစား တပ်ဖွဲ့တွေကို လိုက်ဘေးရီးယား နိုင်ငံထဲ ပြန်ရောက်တဲ့ အထိ တွန်းလှန် တိုက်ထုတ်ခဲ့ပြီးပြီ ဖြစ်ပေမယ့် ဒီကြေးစား တပ်ဖွဲ့တွေဟာ ဒေသတွင်းငြိမ်းချမ်းမှုကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ်လို့ မစ္စတာ ဝါတာရာက ဘီဘီစီနဲ့ မေးမြန်းခဲ့ ရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

လိုက်ဘေးရီးယား ကြေးစားတပ်ဖွဲ့ဟာ လက်နက်ကြီးတွေတပ်ဆင်ထားတဲ့ အထိန်းအကွပ်မဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သူက ဆိုပါတယ်။