အီဂျစ်က Rafah ဂါဇာ နယ်စပ်လမ်းကို ပြန်ဖွင့်မယ်လို့ပြော

Image caption ဂါဇာဒေသကို ပိတ်ဆို့တဲ့အနေနဲ့ Rafah နယ်စပ်လမ်း ကို ပိတ်ထားခဲ

အီဂျစ်နိုင်ငံအစိုးရက ဂါဇာ ကမ်းမြောင်ကို ဖြတ်တဲ့ အီဂျစ် နယ်စပ်လမ်းကို စနေနေ့က စပြီး အမြဲတမ်း ဖွင့်ထားတော့မယ် ဖြစ်ကြောင်း ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

ဒါဟာ ပါလက်စတိုင်းတွေအကြား အမျိုးသား ရင်ကြားစေ့ရေးကို မြှင့်တင်ဖို့ ရည်ရွယ်တာလို့ အီဂျစ် အစိုးရ သတင်း အေဂျင်စီ က ပြောပါတယ်။

ရာထူးကနေ နှုတ်ထွက်ပေးခဲ့ရတဲ့ သမ္မတ Hosni Mubarak ရဲ့ လူကြိုက်မများဆုံး ပေါ်လစီတွေထဲမှာ ဂါဇာ ဒေသကို ပိတ်ဆို့ဖို့ အစ္စရေးနဲ့ အီဂျစ် အစိုးရ အရင်က ပူးတွဲ ဆောင်ရွက်ခဲ့မှုက တခု အပါအဝင် ဖြစ်တယ်လို့ ကိုင်ရိုမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသကို ဟားမာ့စ် အဖွဲ့က ထိန်းချုပ်လိုက်တဲ့ လွန်ခဲ့တဲ့ ၄နှစ်ကတည်းက အဲဒီ နယ်စပ်လမ်းကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။