ဖီဖာ ဥက္ကဌ ရွေးပွဲ ဆိုင်းထားဖို့ ပြောကြား

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လက်ရှိ ဖီဖာ ဥက္ကဌ Sepp Blatter

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ဖီဖာ ဥက္ကဌ ရာထူး ရွေးကောက်ပွဲမှာ လက်ရှိ ဥက္ကဌ ဆက်ပ် ဘလက်တာက ပြိုင်ဘက်မရှိ ဖြစ်နေတာကြောင့် ယှဉ်ပြိုင်သူ တယောက် မရှိမဖြစ် လိုအပ်တ ဥက္ကဌ ရွေးပွဲကို ရက်ရွေ့ဆိုင်း သင့်တယ်လို့ အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က ပြောကြား လိုက်ပါတယ်။

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပြဿနာတက်နေတဲ့ ဖီဖာ အဖွဲ့အတွင်း ဥက္ကဌ ရာထူး ရွေးချယ်တဲ့ ကိစ္စကို ဆိုင်းငံ့ထားဖို့ English FA ရဲ့ တောင်းဆိုချက်ကို အဖွဲ့ရဲ့ ဥက္ကဌ မင်းသား ဝီလီယမ်က ထောက်ခံခဲ့ပါတယ်။

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ဟာ ကစားပွဲတွေ အပေါ် ကောင်းကောင်း အုပ်ချုပ် နိုင်ဖို့ ပွင့်လင်း မြင်သာမှုတွေ ရှိနေဖို့ လိုအပ်တယ်လို့ မင်းသား ဝီလီယံက ယူဆကြောင်း သူ့ပြောခွင့်ရ ပုဂ္ဂိုလ် ကဆိုပါတယ်။

အလားတူ စကော့တလန် ဘောလုံး အဖွဲ့ချုပ် ကလည်း ဖီဖာ ဥက္ကဌ ရွေးပွဲကို ဆိုင်းထား သင့်တယ်လို့ ပြောကြောင်း သိရပါတယ်။