အိုင်ပက် လိုချင်လို့ ကျောက်ကပ် ဖြုတ်ရောင်း

တရုတ် သတင်းမီဒီယာတွေ ထဲမှာ ဆယ်ကျော်သက်ရွယ် တရုတ် လူငယ်လေး တစ်ယောက်ဟာ tablet ကွန်ပြူတာ iPad 2 နဲ့ ကွန်ပြူတာ လက်ပ်တော့ပ် တစ်ခု ဝယ်ယူနိုင်ဖို့ သူ့ခန္ဓာ ကိုယ် အစိတ်အပိုင်း ဖြစ်ခဲ့ ကျောက်ကပ် တစ်ဘက်ကို ရောင်းချခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူငယ်တွေကြားမှာ အက်ပဲလ် ကုမ္ပဏီထုတ် အိုင်ပက်တူး အထူး ရေပန်းစား

အသက် ၁၇ နှစ်ရွယ် အဲဒီ လူငယ်က အရောင်းအဝယ် ကိစ္စကို အင်တာနက်ကနေတဆင့် စီစဉ်ခဲ့တာလို့ ပြောပါတယ်။

သူ့ရဲ့မိခင်က ကွန်ပြူတာ အသစ်ကို မြင်လို့ မေးမြန်းခဲ့ရာမှာ သူက ကျောက်ကပ် ခွဲစိတ်မှု အကြောင်း ဝန်ခံပြောပြခဲ့တာ လို့လညး သူကပြောပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၀၇ ခုနှစ်ကစပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်းဝယ်မှုကိစ္စကို အစိုးရက တားမြစ်ခဲ့ပြီး အလှူရှင်တွေက လှူဒန်းတဲ့ စနစ် ကို စတင် ကျင့်သုံးခဲ့ပါတယ်။

ဘေဂျင်းမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ကတော့ အခုဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်း ရောင်းချတဲ့ မှောင်ခို စျေးကွက် ရှင်သန်နေတုန်း ဆိုတာကို ပြသတာ ဖြစ်တယ်လို့ ပြောပါတယ်။