အီကိုလိုင်း ပိုးရဲ့ ဇစ်မြစ် တွေ့ပြီ

sprouts ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပဲပင်ပေါက် ကနေ အီကိုလိုင်း ကူးစက် တာလို့ ဆို

ဂျာမနီ နိုင်ငံနဲ့ တခြား နိုင်ငံ တချို့ မှာ လူပေါင်း ၂၂ ယောက် သေဆုံး ခဲ့ရပြီး လူပေါင်း ၂ ထောင် လောက်ကို ကူးစက် ခဲ့တဲ့ အီကိုလိုင်း ရောဂါ ပိုးဟာ ဒေသ တွင်းမှာ စိုက်ပျိုး ထားတဲ့ ပဲပင် ပေါက် ကနေ ကူးစက် ခဲ့တာ ဖြစ်နိုင်ခြေ များ တယ်လို့ ဂျာမန် အာဏာပိုင် တွေက ပြောပါ တယ်။

ဆက်ဆွန်နီ အောက်ပိုင်း ဒေသ တွေရဲ့ စိုက်ပျိုး ရေး ဝန်ကြီးက ကူးစက် ရောဂါ ဆိုင်ရာ ပညာ ရှင် တွေက ဟမ်းဘတ် မြို့က တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာ လောက်မှာရှိတဲ့အူလ်ဇန် က စိုက်ခင်း တခုကို ခြေရာ ကောက်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ပဲပင်ပေါက် တွေကို ဟင်းသီး ဟင်းရွက် တွေ အဓိက ပါတဲ့ ဆဲလ်လက် အစား အစာ တွေ ထဲမှာ သုံးဖို့ ရောင်းချ ခဲ့ကြတယ်လို့ သိရပါတယ်။

အခုတော့ ဒီ စိုက်ပျိုးခင်းကို ပိတ်ထားလိုက်ပြီ ဖြစ်ပြီး အဲဒီက ထွက်တဲ့ ဟင်းသီးဟင်းရွက် တွေကိုလဲ ပြန်လည် သိမ်းဆည်းနေတယ် လို့ အဲဒီ ဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် ဒီစိုက်ပျိုးခင်းမှာ ဒီ ရောဂါပိုး ရှိမရှိကို သေချာအောင် ခုထက်ထိ တရားဝင် ရှာဖွေ စမ်းသတ်ထားတာ မရှိသေးဘူးလို့လဲ သိရပါတယ်။