တူရကီ​က ဆီး​ရီး​ယား ဒုက္ခ​သည်​ကို ကူညီ

တူရကီဝန်ကြီးချုပ် ရီဂျက် တာရစ် အက်ဒိုယန်က ဆီးရီးယား ကနေ ထွက်ပြေးပြီး တူရကီနိုင်ငံ ထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ အတွက် နယ်စပ်ကို ပိတ် မပစ် ပါဘူးလို့ ပြောလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တူရကီဝန်ကြီးချုပ် ရီဂျက် တာရစ် အက်ဒိုယန်

ဝန်ကြီးချုပ်က သူဟာ ဆီးရီးယား အရေး အခင်းကို သေချာအာရုံထားပြီး စောင့်ကြည့် နေသလို ဆီးရီးယား သမ္မတ အာဆတ်ကိုလည်း ပြုပြင်ပြောင်းလဲ ရေးတွေ လုပ်ဖို့ တိုက်တွန်း ခဲ့ပါတယ်လို့ ပြောပါတယ်။

တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ ရောက်နေတဲ့ ဘီဘီစီသတင်းထောက်ကတော့ တူရကီနိုင်ငံက လူနာတင်ကားတွေဟာ နယ်စပ်ဖြတ်ပြီး ဆီးရီး ယားနိုင်ငံထဲက ဒဏ်ရာရ အစိုးရ ဆန့်ကျင်သူ တွေကို သယ်ယူပြီး ကုသပေးနေတယ်လို့ ပြောပါတယ်။