အီရတ်မှာ ဆက်လက် တပ်စွဲ ထားဖို့ အမေရိကန် မှန်းဆနေ

Image caption အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာတော့မယ့် Leon Panetta

ဒီနှစ်ကုန်မှာ အီရတ်ကနေ အမေရိကန် စစ်သား တွေ ရုတ်သိမ်းဖို့ စီစဉ်ထား ပေမယ့် အမေရိကန် တပ်တွေ ဆက်ထားဖို့ အီရတ်က အမေရိကန်ကို တောင်းဆို လာလိမ့်မယ်လို့ မှန်းဆ ထားကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဖြစ်ဖို့ လျာထား ခံထားရတဲ့ လီယွန် ပက်နက်တာ က ပြောကြား လိုက် ပါတယ်။

ဆီးနိတ်လွှတ်တော် ကြားနာရေး ကော်မတီမှာ မစ္စတာ ပက်နက်တာ က ပြောကြား ရာမှာ အီရတ်ကနေ ဆုတ်ခွာသွားမယ့် အမေရိကန် တပ်သား အရေအတွက် အတိ အကျ ကို ဆို မသွားခဲ့ပါဘူး။

ဒီနှစ်အကုန်ကျရင် အီရတ်မှာ အမေရိကန် တပ်သား လေးသောင်းခြောက်ထောင် လောက် တပ်စွဲထားဖို့ ပင်တာဂွန်စစ်တပ်က တခါတရံမှာ ထုတ်ဖော် ပြောကြားခဲ့ပေမယ့် ဒီကိစ္စ ဟာ အီရတ် အစိုးရရဲ့ သဘောအတိုင်း ပါပဲ လို့ အမြဲတမ်း ပြောခဲ့ ပါတယ်။