ထောင်နဲ့ချီတဲ့ ဆီးရီးယားတွေ တူရကီနယ်စပ်ကို ထွက်ပြေး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption တူရကီနိုင်ငံဘက်ကို ဝင်ရောက်ဖို့ ဆီးရီးယား တွေ စောင့်ဆိုင်းနေ

ရီးယားနိုင်ငံက လူပေါင်း လေးထောင် ကျော်ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကနေ လွတ်မြောက်အောင် နယ်ခြား ဖြတ်ကျော်ပြီး တူရကီ နိုင်ငံဘက်ကို ထွက်ပြေးလာခဲ့ကြ တယ်လို့ တူရကီ အရာရှိ တွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံ မြောက်ဘက်ပိုင်းက လူတွေဟာ အဓိက ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

ဆီးရီးယား စစ်တပ်ဟာ တင့်ကားတွေသုံးပြီး မနေ့က လူတွေကို တိုက်ခိုက် သတ်ဖြတ်ခဲ့တယ် လို့ နိုင်ငံမြောက်ပိုင်းက မျက်မြင်တွေရှိသူ တဦးက ပြောပါတယ်။

အခုတော့ တူရဂီနိုင်ငံကို ထွက်ပြေးလာခဲ့ပြီဖြစ်တဲ့ အဲဒီမျက်မြင်သက်သေက သူ့ရွာအနီးက ရွာတရွာကို မနက်အာရုံတက် လူတွေအိပ်နေတဲ့ အချိန်မှာ တင့်ကားတွေ လှိမ့်ဝင်လာခဲ့ပြီး၊ အိမ်တွေကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ စစ်သားတွေက ဂျုံပင်တွေကို မီးရှို့ခဲ့တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မနက်အာရုံတက် လူတွေအိပ်နေတဲ့ အချိန်မှာ တင့်ကားတွေ လှိမ့်ဝင်လာခဲ့တာဖြစ်

ဒီသတင်းနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရနိုင်သေးပါဘူး။

တူရကီနယ်ခြားမှာ ရှိတဲ့ တရားဝင်ဖွင့်ထားတဲ့ ဒုက္ခသည် စခန်း ၂ခုမှာ အခုဆိုရင် လူတွေ မဆန့်တော့တဲ့အတွက် နောက်ထက် စခန်းတခု ထပ်ဆောက် နေတယ်လို့ တူရဂီနယ်ခြားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆီးရီးယား နိုင်ငံပိုင် ရုပ်သံက ကြောညာသွား တာကတော့ အစိုးရ တပ်ဖွဲ့တွေနဲ့ တင့်ကားတွေ ဟာ ဂျီးဆား အူရှာဂူး မြို့ကို ဝင်ရောက်ခဲ့တာ ဖြစ်တယ်။

အဲဒီမြို့မှာ တနင်္လာနေ့တုန်းက လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၀ အသတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

အခုထက်ထိ တပ်ဖွဲ့ဝင်တွေရှိနေပြီး မြို့ဟာလည်း တင့်ကားတွေရဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံနေရတယ်လို့ အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက အတည်ပြုပြောကြား ပါတယ်။