တာလေဒေသ ပြန်လည်တည်ဆောက်ရေး နှောင့်နှေး

shan_quake ဓာတ်ပုံ မူပိုင် Reuters
Image caption ငလျင် အပျက် အဆီးများ

အခုချိန်မှာ မိုးတွေက ရက်ခြား ဆိုသလို စပြီး ရွာနေ ပေမဲ့ ငလျင် ဘေးဒဏ် ခံခဲ့ရတဲ့ ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ် မြို့နယ် တာလေ ဒေသဘက်မှာ အခုထိ နေအိမ် တွေကို ပြန်ဆောက်နိုင် မှု မရှိသေးပဲ ရွက်ဖျင်တဲ တွေနဲ့သာ နေ နေကြရတုန်းမို့ အခက်အ ခဲ တွေ့နေကြ ရပါတယ်။

အစိုးရ ထံက ပေးတဲ့ အကူအညီတွေ ငွေကြေး ထောက်ပံ့ မှုတွေက လုံလောက်မှု မရှိ သလို ကိုယ့်အိတ်ထဲက ငွေနဲ့စိုက်ပြီး ဆောက်ဖို့ လဲ မတတ်နိုင် ကြလို့ အိမ်တိုင်းက တိုင်ထူ နိုင်လောက်တဲ့ အဆင့် ထိပဲ ရှိကြ ပါတယ်။

ဒါကြောင့် လူတွေက အခုထိ သူတို့ အိမ်ရှေ့မှာသာ တဲထိုးပြီးနေရတော့ မိုးရွာရင် အခက်အခဲ အတော်လေးရှိတယ် ဆိုတဲ့အကြောင်း တာလေဒေသခံ အမျိုးသမီး တယောက်က ရှမ်းဘာသာနဲ့ ပြောပြရာမှာတော့ အစိုးရပေးတဲ့ ငွေထောက်ပံ့မှုက တအိမ်ကို ကျပ်ငါးသိန်း ဆီလို့ပေးပေမဲ့ အဲဒီ ကျပ် ၅ သိန်းကသံနဲ့ အိမ်တိုင် အချို့ဝယ်ဖို့လောက်ပဲ လောက်တဲ့ အကြောင်း ကို ပြောပြ ပါတယ်။

ဆက်လက်ပြီး ပြောပြရာမှာ တော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်ဖို့ ကျတော့လဲ ငွေကြေး အလုံအလောက် မရှိတော့ အခုထိ အိမ်တိုင်း လိုလိုက ကိုယ့်အိမ်ရှေ့မှာ သံထည်ဟောင်း၊ သစ်သားဟောင်းနဲ့သာ တဲထိုးပြီးနေနေကြရ သလို မိုးရွာရင်ရင်လဲ တဲတွေမှာ မိုးယို ပေမဲ့ ဘာမှ မတတ်နိုင်တော့ ရှိတဲ့ပစ္စည်းနဲ့သာ ဖာထေးပြီးနေ ကြရတဲ့ အကြောင်းနဲ့ ငလျင် ငယ်လေးတွေ လဲ မကြာခဏ လှုပ်ခတ်နေ သေးကြောင်းတွေကို ပြောပြသွား ပါတယ်။

ဒီကိစ္စနဲ့ပတ်သက် ပြီးအဲဒီဒေသမှာ အကူအညီပေးနေတဲ့ NGO အဖွဲ့အစည်းတခု က ဆောက်လုပ်ရေး လုပ်ငန်းတွေ မပြီးစီး နိုင်သေးတဲ့ အခြေအနေကို ရှင်းပြရာ မှာတော့ စစချင်း ပျက်တဲ့အိမ်နဲ့ နောက်ပိုင်းမှ နဲနဲလေးနဲ့ တော်တော်လေး ပျက်စီးတဲ့အိမ် အလုံး ၄၀ဝ လောက်ကိုပဲ သူတို့စာရင်း လုပ်ပြီး ပြန်လုပ်ပေးနိုင် တဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။

နောက် ဆက်လက်ပြီး ရှင်းပြ ရာမှာတော့ ငလျင်က မတ်လထဲ မှာ လှုပ်ခဲ့ပေမယ့် ဆောက်လုပ်ရေး ကတော့ မေလဆန်းမှ လုပ်ဖြစ်ကြောင်းနဲ့ သစ်တွေ ကိုလဲ ခွဲသုံး နေရလို့ နှောင့်နှေး နေရတာ ဖြစ်ကြောင်း တွေကို ပြောပြသွား ပါတယ်။

ြန်ဆောက်ပေးတဲ့ အိမ်ပုံစံ ကတော့ ပေ ၂၀ ပတ်လည် လေးထောင့်ခန်း ဟင်းလင်းကြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒေသခံ တော်တော် များများ က ကျဉ်းလို့ သိပ်မနေချင် ကြဘူးလို့ သိရပါတယ်။

အိမ်ခြေပြန်လည် တည်ဆောက်ရေးမှာ ပြီးစီးမှု မရှိသေးသလို လယ်ယာလုပ်ငန်းတွေကိုလဲ မစတင်နိုင်သေးဘူးလို့ သိရပါတယ်။ အကြောင်းကတော့ တချို့ လယ်ပိုင်ရှင် တွေက သူတို့ လယ်တွေမှာ မြေသားတွေ ပျက်စီးသွားပြီး ထွန်ယက်ဖို့၊ မြေသား တွေပြန်ညှိဖို့ အချိန် အများကြီး ယူရဖို့ရှိပြီး၊ တချို့ လယ်ပိုင်ရှင် တွေကျတော့ လယ်ယာထွန်ဖို့ စရိတ်တွေကို အိမ်ပြင်တဲ့ နေရာမှာ သုံးလိုက်ရလို့ လယ်ယာမှာ ပြန်အသုံးပြုဖို့ ငွေကြေး အခက်အခဲ ရှိတာကြောင့် လယ်ယာ လုပ်ငန်း ကို မစတင်နိုင် ကြဘူးလို့ ဒေသခံ တွေကပြောပြပါတယ်။