ဂါဇာ ဒေသ စီးပွားရေး ငါးနှစ်အတွင်း အဆိုးဝါးဆုံး ကျဆင်း

ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး ပိတ်ဆို့မှုကြောင့် ဂါဇာ စီးပွားရေးကျ

ဂါဇာ ကမ်းမြှောင် ဒေသကို အစ္စရေးတို့ ပိတ်ဆို့ထားတာ ငါးနှစ်ထဲ ဝင်ရောက် လာချိန်မှာ ကုလသမဂ္ဂက ဂါဇာဒေသ စီးပွားရေးနဲ့ ပတ်သက်ပြီး စိတ်ဓါတ်ကျ စရာကောင်းတဲ့ သုံးသပ်ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒေသတွင်းမှာ အလုပ်လက်မဲ့နှုန်းက ၄၅ ရာခိုင်နှုန်းထိ တက်နေပြီး ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဖြစ်နေတယ် ၊ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အလုပ်သမားတွေရဲ့ လုပ်ခ ကလည်း သုံးပုံတပုံလောက် ကျသွားတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

သွင်းကုန်တွေ အကုန်လုံး ဆက်လက် တားမြစ် ပိတ်ဆို့ ထားတာကြောင့် ပုဂ္ဂလိက လုပ်ငန်းတွေကို အဆိုးဝါးဆုံး ထိခိုက်ခဲ့တယ် လို့ ဆိုတားပြီး အစ္စလာမ် စစ်သွေးကြွ အုပ်စုဖြစ်တဲ့ ဟားမတ်စ် အဖွဲ့တွေ ချုပ်ကိုင်တဲ့ အများပိုင် လုပ်ငန်း တချို့လောက်မှာသား စီးပွားရေး တိုးတက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။