ဆီးရီးယားအစိုးရတပ်က ဆက်တိုက်ခိုက်နေ

Syria ဓာတ်ပုံ မူပိုင် AP
Image caption တူရကီနယ်စပ်မှာ တိုက်ခိုက်မှုတွေရှိ

တူရကီနိုင်ငံနယ်စပ်အနီးမှာ ရှိတဲ့ ဆီးရီးယားအစိုးရတပ်တွေဟာ ဂျီဆာ အယ်လ် ရှဂေါ မြို့ကို ဆက်သွယ်တဲ့ လမ်းကြောင်းတွေကို ဖြတ်ထားသလို မြို့ရဲ့ အရှေ့ဘက်က ရွာတွေကို တိုက်ခိုက်နေ တယ်လို့ ဆီးရီးယားမှာရှိတဲ့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဂျီဆာ အယ်လ် ရှဂေါ မြို့ကိုတ နင်္ဂနွေနေ့ကပဲ အစိုးရတပ်တွေက ထိမ်းချုပ်နိုင်ခဲ့တာပါ။

နောက်ပြီး အစိုးရတပ်တွေဟာ မာရပ် အန် နူမန်မြို့ဆီကိုလည်း ဦးတည်သွားနေကြပြီး အဲဒီဘက်မှာလည်း အစိုးရအဆောက်အအုံတွေနဲ့ လုံခြုံရေးဌာနတွေကို အစိုးရဆန့်ကျင် သူတွေက တိုက်ခိုက်နေကြတယ်လို့ ပြီးခဲ့တဲ့ရက်ကပဲ အစိုးရမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကလည်း များလာနေပါတယ်။

တူရကီနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ လူ ၇ ထောင်လောက်ရှိတယ်လို့ သတင်းတွေက ဖော်ပြသလို ဆီးရီးယားဘက်ခြမ်းမှာလည်း လူအများအပြားဟာ လေဟာပြင်တွေမှာ တဲထိုးပြီး နေကြတယ်လို့ သိရပါတယ်။