ဥရောပ နိုင်ငံတွေ စစ်စရိတ် ထပ်ဖြည့် ပေးဖို့ နေတိုးပြော

ဓာတ်ပုံ မူပိုင် b
Image caption နေတိုးတပ်ဖွဲ့ အကြီးအကဲ Anders Fogh Rasmussen

နေတိုး အဖွဲ့ဝင် ဥရောပ မဟာမိတ် နိုင်ငံတွေက ကာကွယ်ရေး အသုံးစရိတ် ပိုမို ဖြည့်တင်းပေးကြဖို့ အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

နေတိုး အဖွဲ့ဟာ အရင်ကထက် ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ဆိုပြီး ဥရောပ တိုင်းပြည် တွေက ဒီတာဝန်ကို ယူဖို့ လိုတယ်လို့ က ထပ်လောင်း ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ကလည်း ဥရောပ နိုင်ငံ တွေက နေတိုးအတွက် စစ်စရိတ် လုံလုံလောက်လောက် ထောက်ပံ့ပေးခြင်း မရှိဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က ေဖန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်စရိတ် ထပ်မံ ဖြည့်တင်းပေးတာမျိုး မလုပ်ရင် နေတိုးအဖွဲ့ဟာ အသုံးမဝင်တဲ့ အဖွဲ့အစည်း ဖြစ်သွားနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင် ရနိုင်တယ် လို့လည်း ဆိုပါတယ်။