အာရှ အဓိက ကားထုတ်သူ နေရာ အိန္ဒိယ တက်လှမ်း

Nissan
Image caption နစ်ဆန်း ကုမ္ပဏီ ကားတွေကို သင်္ဘောပေါ် တင်နေပုံ

အာရှ မှာ မော်တော်ကား ထုတ်လုပ်တဲ့ လုပ်ငန်း ရဲ့ အဓိက ဆုံရပ်ကက အိန္ဒိယ နိုင်ငံ ဖြစ်လာနေပါပြီ။

ဂျပန် ကုမ္ပဏီ နစ်ဆန်းရဲ့ မိုက်ကရာ ကားတွေကို အိန္ဒိယမှာ ထုတ်ပြီး အိန္ဒိယ ရဲ့ အရှေ့တောင်ဖက် ကမ်းရိုးတန်း က အန်နိုးလ် ဆိပ်ကမ်းမှာ ဆိုရင် လက်ပြီး တောက်ပ နေတဲ့သင်္ဘော အတင်ကို တန်းစီ စောင့်နေတဲ့ မော်တော်ကားတွေကို နေ့စဉ်လို တွေ့နိုင်ပါတယ်။

ဒီကားတွေကို စင်ကာပူ အပါအဝင် အာရှ ဒေသနဲ့ တခြား ကမ္ဘာ့ ဒေသတွေကိုပါ တင်ပို့ ပါတယ်။

စင်္ကာပူ ကနေ တဆင့် လက်ဘနွန်၊ အစ္စရေး နဲ့ မြောက်အာဖရိကတိုက်က နိုင်ငံ တွေကို တင်ပို့မှာ ဖြစ်တယ် လို့ ဒီကားတွေကို လာတင်ယူ တဲ့ ကုန်တင် သင်္ဘောကြီး က ကိုရီးယား လူမျိုး ကပ္ပတိန် က ပြောပါတယ်။

အခုဆိပ်ကမ်း ရဲ့ မြောက်ဖက် ကီလိုမီတာ ၆၀ လောက် အကွာမှာ ရှိတဲ့ (ချနိုင်း)မဒရပ် မြို့ မှာ တော့ နစ်ဆန်း ကားကုမ္ပဏီ ရှိပါတယ်။

နစ်ဆန်းရဲ့ အိန္ဒိယ လက်ခွဲ ဌာန ဖြစ်သလို နစ်ဆန်း ရဲ့ ကမ္ဘာတ၀န်း အကြီးဆုံး ဌာနခွဲ တွေထဲ ကတခု လည်း ဖြစ်ပါတယ်။

ဧက ၆၀၀ လောက် ကျယ်ဝန်းတဲ့ ကားထုတ်လုပ်ရေး ဝန်းကြီး ထဲမှာ အိန္ဒိယသား အလုပ် သမား တွေ ဂျပန်ရဲ့ နာမည် ကြီး ကား နစ်ဆန်း ကို အစအဆုံး ထုတ်လုပ် နေပါတယ်။

အဲဒိ ဒေသ အတွင်း အဝေးပြေး ကားလမ်းဘေး တဖက်တချက် မှာ လည်း Hyundai, Samsung, Mitsubishi စတဲ့ ကုမ္ပဏီတွေ ကလည်း အပြိုင်းအရိုင်း တိုးတက် ကြီးထွားလာ နေတာ ပါ။

အရင် ကဆို အိန္ဒိယ နဲ့ စီးပွားရေး ကိစ္စ စဉ်းစား တာ က အနောက် နိုင်ငံ တွေ သာ ဖြစ် ပြီး အခုတော့ အာရှ က လည်း အိန္ဒိယ ရဲ့ အလားအလာ ကို သိလာနေပါပြီ။

အခုဆို အိန္ဒိယ ဟာ တခြားအာရှ နိုင်ငံသား တွေ၊ အထူးသဖြင့် ကိုရီးယား နဲ့ဂျပန်နိုင်ငံသား တွေရဲ့ အိမ်ဖြစ် လာနေပါတယ်။

ချန်နိုင်း မြို့ တမြို့တည်းတင် ကိုရီးယား ၃၀၀၀ ကျော် နေထိုင် နေကတဲ့ အတွက် အဲဒီမြို့မယ် ကိုရီးယား တန်းတောင် ရှိနေပါတယ်။

အိန္ဒိယ ကား ထုတ်လုပ်ငန်း ဖက်ဝယ် ရင်းနှီးမြှုပ်နှံ ကြသူတွေက အိန္ဒိယရဲ့ နိုင်ငံတွင်း ကားစျေးကွက် ကျယ်ပြန့်လာမှာ လို့ လည်း မှန်းဆ ထား ကြသလို အိန္ဒိယမှာ ထုတ်လုပ်တဲ့ ကား တွေကို နိုင်ငံတကာ စျေးကွက် ကို တင် ပို့ နိုင်ရေး အတွက် လည်း အလား အလာကောင်း တွေ ရှိနေတယ်လို့ ပြောနေပါတယ်။