မော်ရိုကိုမှာ ပြုပြင် ပြောင်းလဲမှု ဘုရင် ကြေညာ

Morocco ဓာတ်ပုံ မူပိုင် AP
Image caption ဘုရင် မိုဟာမက်က ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ တီဗီကနေ ကြေညာ

မော်ရိုကို ဘုရင် မိုဟာမက်က သူ့ရဲ့ အမျိုး မျိုးသော လုပ်ပိုင်ခွင့် အာဏာတွေကို ကန့်သတ်ပြီး လွှတ်တော်နဲ့ ဝန်ကြီးချုပ် အာဏာကို အားကောင်း စေမယ့် ပြုပြင် ပြောင်းလဲ မှုတွေကို ကြေညာ ခဲ့ပါတယ်။

မော်ရိုကိုမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပြီးနောက် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လှန် သုံးသပ်မယ်လို့ ဘုရင်က ကြေညာပြီး သုံးလ အကြာမှာ ဒီမိုကရေစီ နည်းကျ ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ ဘုရင် မိုဟာမက်က ကြေညာ ခဲ့ပါတယ်။

အနာဂတ်မှာ မော်ရိုကိုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်မယ်၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ထားတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်မယ်လို့ ဆိုပါတယ်။

တဘက်မှာ ဘုရင်က စစ်တပ် ဦးစီးချုပ် နေရာကို ဆက်ယူထားမှာ ဖြစ်ပါတယ်။

အခု ကြေညာခဲ့တဲ့ အစီအစဉ်တွေ အတွက် ရှေ့လာမှာ လူထု ဆန္ဒခံယူပွဲ ခေါ်မယ်လို့လည်း တနိုင်ငံလုံးကို မိန့်ခွန်း ပြောရာမှာ ကြေညာခဲ့ပါတယ်။