တရုတ်နိုင်ငံ ရေကြီးမှု လူသန်းနဲ့ချီ ဒုက္ခရောက်

ဓာတ်ပုံ မူပိုင် AFP
Image caption ကောက်ပဲသီနှံတွေ ပျက်ဆီးကုန်လို့ စားသောက်ကုန် စျေးနှုန်းမြှင့်တက်လာ

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ အကြီးအကျယ် ရေကြီးမှုတွေ ဖြစ်ပွားခဲ့တာ ကြောင့် လူပေါင်း ၂ သန်းကျော်ဟာ ဒုက္ခရောက်နေ ကြရတယ်လို့ သိရပါတယ်။

မိုးကြီးတွေ အဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ကမ်းခြေပြည်နယ်ဖြစ်တဲ့ ဂျက်ဂျီယန်ပြည်နယ် က ဒေသအတော်များများ ရေလွှမ်းသွားခဲ့တယ် လို့ တရုတ်နိုင်ငံ တရားဝင် ရှင်ဝှာ သတင်းဌာန က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ကြရပြီး ကောက်ပဲသီနှံတွေလည်း ပျက်ဆီးကုန်တာ ကြောင့် စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက် လာတယ်လို့ ဆိုပါတယ်။

တချို့နေရောတွေဆိုရင် အခုရေကြီးမှုဟာ နှစ်ငါးဆယ်အတွင်း ဒါအဆိုးဝါးဆုံး ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

နိုင်ငံ အရှေ့နဲ့ အလယ်ပိုင်း ဒေသ ရေကြီးမှုတွေကြောင့် လူ ၁၇၀ သေဆုံးသွားခဲ့ပြီး သိန်းနဲ့ ချီတဲ့လူတွေဟာ သူတို့ရဲ့ အိမ်ယာတွေကို စွန့်စွာခဲ့ကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။