အိုင်ဝေဝေ ဘေဂျင်းမှထွက်ဖို့ ခွင့်ပြုချက် ယူရမည်

တရုတ်အနုပညာရှင် အိုင်ဝေဝေ ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်အနုပညာရှင် အိုင်ဝေဝေ

တရုတ်နိုင်ငံမှာ ရဲအချုပ်ကနေ မကြာမီက ပြန်လွတ်လာတဲ့ ပန်းချီဆရာနဲ့ အစိုးရကို ဆန့်ကျင်ဝေဖန်သူ Ai Weiwei အနေနဲ့ ခွင့်ပြုချက် မရှိဘဲ ဘေဂျင်း မြို့တော်ကနေ ထွက်ခွာခွင့်မရှိဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပါတယ်။

သူက အခွန်ရှောင်မှုတွေ ရှိတယ်လို့ ဝန်ခံပြီးနောက်တရုတ် အာဏာပိုင်တွေက သူ့ကို အာမခံနဲ့လွှတ်ပေးလိုက်ပါတယ်။ သူ့အနေနဲ့ လူထုနဲ့တွေ့ဆုံ ပြောဆိုခွင့် မရှိဘူးလို့လည်းAi Wei Wei ကပြောပါတယ်။ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကတော့အခုသူ့ကို ပြန်လွှတ်တာဟာ ပထမခြေလှမ်း ဖြစ်ပြီး တရုတ် အာဏာပိုင်တွေရဲ့စွပ်စွဲချက်တွေကို အပြည့်အစုံ ဖြေရှင်းရမယ်လို့ ဆိုပါတယ်။ သူ့ကိုစွဲချက်မတင်ဘဲ အချိန်ကြာ ဖမ်းဆီးထားတာဟာ တရုတ်ဥပဒေကို တရုတ်အစိုးရ ကိုယ်တိုင်ချိုးဖေါက်ရာ ရောက်တယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောကြားလိုက်ပါတယ်။