တောင်တရုတ်ပင်လယ် အရေးအမေရိကန် ဝင်မစွက်

Spratlys ဓာတ်ပုံ မူပိုင် BBC World Service
Image caption အငြင်းပွားနေတဲ့ စပရက်တလီ ကျွန်းစု

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန်ဟာ ဖိလစ်ပိုင်နဲ့ ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ထားတာကို တာဝန်ယူပေးဖို့ ပိုင်းဖြတ်ထားပေမဲ့ လောလောဆယ် တောင်တရုတ်ပင်လယ်ထဲမှာ ဖြစ်နေတဲ့ ရေပိုင်နက် အငြင်းပွားမှုတွေမှာတော့ တဖက်ဖက်ကို လိုက်ပြီး ရပ်တည်ပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်က တရုတ်ဟာ ဖေဖေါ်ဝါရီလကစလို့ ကိုးကြိမ် တိုင်တိုင် သူ့ရေပိုင်နက်ထဲ ကျူးကျော်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

တရုတ်ဖက်က အနှောက်အယှက်တွေ ပေးနေတယ်လို့လဲ စွပ်စွဲထားပါတယ်။

တရုတ်ကတော့ ဒီအရေးမှာ အမေရိကန်တွေ ဝင်မပါဖို့ သတိပေးထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲက စပရက်တလီနဲ့ ပါရာဆဲလ် ကျွန်းစုတွေ နားက ရေပိုင်နက်ကို သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြတာပါ။ အဲဒီနေရာဟာ ရေနံ ထွက်နိုင်တဲ့ အတွက် နိုင်ငံတော်တော်များများက မျက်စေ့ကျ နေကြတာလဲ ဖြစ်ပါတယ်။