မြန်မာ့အရေး အမေရိကန် ပြင်ဆင်နေ

dassk_reith_lectures
Image caption ဒေါ်အောင်ဆန်းစုကြည်

အမေရိကန် အစိုးရ အနေနဲ့ မြန်မာ့ လူ့ အခွင့် အရေး ကိစ္စ အပေါ် ကုလသမဂ္ဂ ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင် ပေါ်ပေါက် လာရေး အတွက် ထောက်ခံ အားပေး ဖို့ ပြင်ဆင် နေတယ်လို့ အမေရိကန် အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဌာနက မနေ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းက တခြားနိုင်ငံတွေ မဟာမိတ်တွေ မိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေပါတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက် ထဲမှာ ထည့်သွင်း ဖော်ပြ ထား ပါတယ်။

မကြာသေး ခင်က ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် လွှတ်တော်မှာ စကား ပြောကြား ခဲ့ရာမှာ လူ့အခွင့် အရေး စုံစမ်းရေး ကော်မရှင် နဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆို ပြီး နောက်မှာ အခု ကြေငြာချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

နော်ဝေးဝန်ကြီးချုပ်ဟောင်း ဖြစ်ပြီး အခုOslo Centre for Peace and Human Rights ရဲ့ ဥက္ကဌ ဖြစ်သူ Kjell Magne Bondevik နဲ့ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ဆက်သွယ် မေးမြန်း ခန်းမှာလည်း နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ အီးယူ ကတမျိုး အမေရိကန် က တမျိုးမလုပ်ပဲ တခုနဲ့ တခု ပူးပေါင်း ဆောင်ရွက်မှသာ ပိုပြီး အကျိုးရှိနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုခဲ့ ပါတယ်။