နောက်ဆုံး ရေးသားချိန် 29 ဇွန်လ 2011 - 17:22 GMT

ဇွန် ၂၉ နိုင်ငံတကာ သတင်း ဗီဒီယို

မီဒီယာ ပလေးယား

ကာဘူးလ် ဟိုတယ် တိုက်ပွဲ၊ ဂရိ ဆန္ဒပြပွဲတွေနဲ့ ဆူဒန်သမ္မတရဲ့ တရုတ်ခရီးစဉ်။

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့မှာ တာလီဘန် အသေခံဗုံးခွဲသမားတွေ ဝင်စီးခဲ့တဲ့ ဟိုတယ်ကို လုံခြုံရေးတပ်တွေက ပြန်သိမ်းခဲ့ပါပြီ။ ဗုံးခွဲသမားတွေနဲ့ တိုက်ပွဲတွေအတွင်း အနဲဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဟိုတယ်ကတော့ မီးလောင်ပြီး ကျန်ခဲ့ပါတယ်။

ဂရိမှာတော့ အစိုးရက အသုံးစရိတ် ဘတ်ဂျက် ဘီလီယံ ၄၀ ဖြတ်မဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့ လူထု ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေ တိုက်ခိုက်ခဲ့ကြပါတယ်။

လူမြင်ကွင်းက ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဗင်နီဇွဲလားသမ္မတ အူဂျုချာဗက်ဇ်ကို အင်္ဂါနေ့က ကျူးဘားခေါင်းဆောင် ဖီဒယ်ကတ်စထရိုနဲ့ အတူတွဲပြီးကျူးဘားတီဗီမှာ တွေ့ခဲ့ရပါတယ်။ ကျူးဘားမှာ ဆေးလာကုနေတဲ့ မစ္စတာ ချာဗက်ဇ်ရဲ့ ကျန်းမာရေး အခြေအနေကို မှန်းဆချက်တွေ အများကြီး ရှိနေခဲ့တာပါ။

တရုတ်ကို ရောက်နေတဲ့ ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှား တရုတ်သမ္မတ ဟူဂျင်တောင်းနဲ့ တွေ့ဆုံပြီး စီးပွားရေး စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ဆူဒန်ဆီက ရေနံတွေ တရုတ်က ဝယ်နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ တရားရုံးက ဝရမ်းထုတ်ထားတဲ့ အိုမာဘာရှားကို လက်ခံခဲ့တဲ့ အတွက် တရုတ်ကို ဝေဖန်မှုတွေလဲ ရှိနေပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။