ကဒါဖီက ဥရောပကို ခြိမ်းခြောက်

Libya ဓာတ်ပုံ မူပိုင် AP
Image caption နေတိုးတပ်ဖွဲ့ တွေဟာ ကဒါဖီရဲ့ အိမ်ကိုလည်း ဗုံးကြဲ တိုက်ခိုက် ခဲ့ ပါတယ်။

လစ်ဗျားမှာ နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို မရပ်ရင် ဥရောပကို တိုက်ခိုက်ရလိမ့်မယ်လို့ ဗိုလ်မှူးကြီး ကဒါဖီက ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

သူ့အဆိုအရ ဥရောပမှာ လူနေအိမ်တွေ ရုံးတွေကို ကျိုင်းကောင်အုပ် ဝင်ရောက်လာ သလို လစ်ဗျားက ဝင်တိုက်မယ်လို့ သူက ဆိုပါတယ်။

မြို့တော် ထရစ်ပိုလီက သူ့ကို ထောက်ခံတဲ့ ထောင်နဲ့ချီပြီးရှိတဲ့ လူတွေကို ကဒါဖီ အသံသွင်းထားတဲ့ မိန့်ခွန်းကို ဖွင့်ပြခဲ့ပြီး ဒီခြိမ်းခြောက်ပြောဆိုမှုကို ထည့်သွင်း ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကဒါဖီဟာ သူ့စကားကို သူအလေးအနက် ထားသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အခုလို ကဒါဖီ ပြောဆိုမှု ထွက်ပေါ်ခဲ့ပြီးနောက် နာရီပိုင်းအကြာ ထရစ်ပိုလီ မြို့မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းက တိုက်ခိုက်မှု ဖြစ်မယ်လို့ ယူဆရကြောင်း သတင်းမှာ ရေးသားထားပါတယ်။